Arc.10.10
1.1K 187 5
ပိုင်လင်သည် ကွဲကြေနေသည့် ဖန်ကွဲစများအား ဖြတ်ကျော်ကာ ကုအဘိုးထံလျှောက်လာ၏ ။ ကုအဘိုးသည် ကုကျင်းဟန်အား ဖုန်းဆက်လျက် ဆူဆဲချင်နေသော်လည်း အများရှိနေ၍ သူက ထိုသို့ ရူးမိုက်မှုကို လုပ်ချင်မနေပေ ။ ပိုင်လင် သူ့ထံ‌သို့ လျှောက်လာချိန် သူက လူကြီးဖြစ်သော်လည်း နည်းနည်း ထိတ့်လန့်ကြောက်ရွံ့သွားမိသည် ။
" ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို သူ့အတွက် ကုမိသားစုကို ပေးခဲ့တာ .. "
ပိုင်လင်၏ စကားတစ်ခွန်းစီတိုင်းက လူတိုင်းရဲ့ နားထဲ တိုးဝင်သွား၏ ။ သူသည် အတက်အကျမရှိသည့် လေသံဖြင့် ပြောနေသော်လည်း သူတို့သည် ပိုင်လင်၏ နာကျင်မှုကို ကိုယ်ချင်းစာမိသည် ။
" အနုပညာရှင်တွေကို သဘောမကျဘူးဆိုလို့ ကျွန်တော့ရဲ့ ဝါသနာကိုလည်း စွန့်လွှတ်ခဲ့ပြီ .. ကျင်းဟန်ကိုယ်တိုင် သရုပ်ဆောင်ဖို့ မပြောမချင်း ကျွန်တော် အနုပညာရှင် မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးသား "
ပြောနေသည့်လူ၏ မျက်နှာတွင် ခံစားချက် တစိုးတစိမျှ မပေါ်သော်လည်း ‌ရှိနေသည့် လူများ၏ မျက်နှာထက်တွင်တော့ ခံစားချက်များ ပြင်းထန်နေကြသည် ။ လှောင်ချင်နေသည့် အမှုအရာများပင် မရှိတော့ပေ ။ အမျိုးသမီးတချို့ဆို ငိုတောင် ငိုနေကြသည် ။ ပိုင်လင်ရဲ့ စကားတစ်ခွန်းတိုင်းက ရိုးရှင်းလှသည့် လေသံအဖြစ်သာ ထွက်လာသော်လည်း သူမတို့ရဲ့ နှလုံးသားကို လေးလံစေသည် ။
ဒီလောက်ထိ ပေးဆပ်ထားပေမဲ့ ဒီလိုမျိုး သစ္စာဖောက်ခံလိုက်ရတယ် ..
" အခုကစပြီး ကုမိသားစုကနေ ကျွန်တော်နဲ့ သက်ဆိုင်တဲ့အရာအားလုံး ယူသွားတော့မှာမို့ ပြင်ဆင်ထားပေးပါ "
ပိုင်လင်၏ နူတ်ခမ်းတို့က ပြောနေရင်း ခဏလောက် ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်သည် ။ ယခုတစ်ခေါက်တွင် သူ့လေသံ၌ ခေါင်းမာမှု အနည်းငယ်ကို ထင်ထင်ရှားရှားတွေ့ နိုင်လေသည် ။
" ကုကျင်းဟန် အပါအဝင်ပေါ့ "
ထိုပိုင်စိုးပိုင်နင်း ခေါင်းမာသည့် လေသံက အနည်းငယ် အမြင်ကတ်စရာကောင်းလှသော်လည်း အမျိုးသမီးများနှင့် မိန်းမငယ်လေးများကို ရှက်ရွံ့ မှုကြောင့် ပါးလေးများ နီရဲသွားစေလေသည် ။