{86}

3.8K 728 18
                                    


Unicode

သူနဲ့ထန်းယွီတို့ဘာကြောင့် ဒီအခြေအနေထိ ရောက်သွားတာလဲ ယင်းနျန် နားမလည်ခဲ့။သူတို့နှစ်ယောက်လုံးက ဆယ်ကျော်သက်အရွယ်တည်းက တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြပြီး ဆက်ဆံရေးတစ်ခုကို အစောကြီး တည်‌ထောင်ခဲ့မိကြသည်။သူတို့မှာလည်း ချိုမြိန်တဲ့ အခိုက်အတန့်လေးတွေ ရှိခဲ့ကြဖူးတာပေါ့။ထန်းယွီက သူနဲ့အတူရှိပေးတယ်။မနက်စာယူလာပေးတယ်။အင်္ဂလိပ်စကားကို လည်း တစ်လုံးချင်း သင်ကြားပေးခဲ့ဖူးသည်။ဒါပေမယ့် အခုချိန်မှာတော့ ထန်းယွီကိုမြင်တာနဲ့ သူပင်ပန်းလာမိတယ်။ထန်းယွီကို တွေ့တာနဲ့ သူမနေ့က ဘယ်သူနဲ့များရှိခဲ့တာလဲဆိုပြီး သိချင်လာတယ်။သူ့သူငယ်ချင်းတွေထဲကတစ်ယောက်ယောက်များလား။မဟုတ်ရင် ဘယ်သူနဲ့များ အချိန်ကောင်းလေး ပိုင်ဆိုင်ခဲ့တာလဲ?

ထန်းယွီဘာလို့ ဖောက်ပြန်ရက်ပြီး တစ်ခြားလူတွေဆီအကြိမ်ကြိမ်သွားနေတာလဲ ယင်းနျန် နားမလည်နိုင်ခဲ့ဘူး။အဲ့လူတွေကလည်း သူ့လောက်မကောင်းကြတာ အသိအသာကြီးကို။လူတစ်ယောက် သူ့ကို ပြောခဲ့ဖူးသည်။အဲ့လိုဖြစ်သွားတာ မင်း သူ့ကို အရမ်းချစ်ကြောင်း သိသာပြနေလို့တဲ့။အဲ့ဒါကြောင့် မင်း သူ့ကို ဘယ်လောက်ချစ်လဲ ပေးသိရမယ့်အစား မင်းအချစ်တွေကို ချုပ်တည်းထားသင့်တယ်တဲ့။တစ်ချိန်တုန်းကတော့ ထိုသီအိုရီကို ယင်းနျန် မယုံနိုင်ခဲ့ဘူး။ဒါပေမယ့် အဆုံးလည်း ကျရော သူ့အချစ်က ကျရှုံးသွားခဲ့တယ်။သူ့အချစ်တွေရော ရောင်ပြန်ဟပ်ခဲ့လို့လား? အမှန်ပဲ။သူတကယ် မထုတ်ပြခဲ့သင့်ဘူး။

သူ ကျိချင်းကျိုးကို ကြည့်တိုင်း အတိတ်က သူ့ကိုယ်သူ ပြန်မြင်နေရသလိုပင်။သူနဲ့ထန်းယွီ၊ကျိချင်းကျိုးနဲ့ ချူချန်၊အဖြစ်ပျက်က အရမ်းဆင်တူလွန်းသည်။သူတို့က သူတို့ထက် အဆင့်တန်းမြင့်တဲ့ လူတွေနဲ့ ဆုံတွေ့ခဲ့ရသော အလွန်သာမန်ဆန်သူများပင်။ချူချန်ကတောင် ထန်းယွီထက် ပို အဆင့်အတန်းမြင့်သူတစ်ယောက် ဖြစ်နေသေးတယ်။

တစ်လျှောက်လုံး ချူချန်က သွေးဝေးအစ်ကိုပါချည်း ကျိချင်းကျိုး ပြောနေခဲ့ပေမယ့် ဘယ်အစ်ကိုကြီးကများ ညီလေးတွက် ဒါတွေထိလုပ်ပေးလို့လဲ? ယင်းနျန်ဖြင့် သူတို့နှစ်ယောက် အတူရှိတာကို မြင်ဖူးသလို ချစ်လည်းချစ်ခဲ့ဖူးသဖြင့် သူတို့က ညီအစ်ကိုတွေထက် ချစ်သူတွေနဲ့ ပိုတူနေကြောင်း ကောင်းကောင်းမြင်နိုင်ပါတယ်။သူ့လိုအမှားမျိုး ကျိချင်းကျိုးကို ထပ်မဖြစ်စေချင်ဘူး။ကျိချင်းကျိုးရဲ့ အချစ်ခရီးလမ်းဖြောင်းဖြူးစေဖို့ သူ့ရဲ့ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ တတ်နိုင်သလောက် သက်သေပြပေးချင်တာဖြစ်သည်။သို့သော် ရှေ့ကလူအားသူလျှော့တွက်မိပုံပင်။ကျိချင်းကျိုးမှာ ကိုယ်ပိုင်အတွေးအခေါ်တွေရှိကြောင်း ထင်သာမြင်သာနေပြီး သူ့ကိုယ်ပိုင် အမြင်တွေကိုတော့ တွင်တွင် ငြင်းဆန်နေလေသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now