အခန်း(၆၄)

1K 190 1
                                    

     <ချူလျန် ပါဝင်သော နောက်ဆုံးအခန်း>

"ဒီမှာ ဘာလာလုပ်နေကြတာလဲ?ထွက်သွားစမ်း!အားလုံး ထွက်သွားကြ!တစ်ယောက်မှ မမြင်ချင်ဘူး!"

ချူလျန်သည် ဒဏ်ရာပြင်းထန်စွာ ရခဲ့သော်လ
ည်း ဒေါသကတော့ စိုးစဥ်းမျှတောင် လျော့မသွားချေ။သူနေထိုင်ရာ ကျောက်ဂူအနီးသို့ ရောက်လာသည်နှင့် ဒေါသတကြီး အော်ဟစ်ကျိန်ဆဲသံများကို အတိုင်းသား ကြားနိုင်ပေသည်။

သိပ်မကြာမီတွင် မူလက စိတ်စေတနာကောင်းကို ပြသ၍ အကူအညီပေးရန် လာရောက်ကြသော အကြီးအကဲများလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားကြရသည်။ချူလျန့်၏ ရှစ်မေ့ဖြစ်သော ရွှေအမြုတေအဆင့် လင်းရှန်းကျစ်ကသာ စကားအနည်းငယ် ပြောရန် နေရစ်ခဲ့သည်။

"ချူရှစ်ရှုန်း၊လောလောဆယ်မှာ အစ်ကို့ ဒဏ်ရာက အရမ်း စိုးရိမ်ရတာမို့ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

ဤစကားသည် ကြင်နာမှုအပြည့်ဖြင့် နွေးထွေးပျူငှာသော်လည်း ချူလျန်မှာ အမျိုးသမီးငယ်များအပေါ် မည်သို့ ဆက်ဆံသင့်ကြောင်း နားလ
ည်သူ မဟုတ်ရာ လင်းရှန်းကျစ်သည်လည်း အ
များနည်းတူ အကြင်နာမဲ့စွာ မောင်းထုတ်ခံလိုက်ရသည်။

လူအုပ်ကြီး ထွက်သွားပြီးနောက်၊ချူလျန်သည် ဗလာကျင်းနေသော နေရာလွတ်ကို ကြည့်ပြီး မျ
က်ခုံးများကို တွန့်ချိုးလိုက်သည်။ထို့နောက် ထောင့်ချိုးတစ်နေရာကိုကြည့်၍ မကျေနပ်သော လေ
သံဖြင့် အော်ငေါက်လေသည်။

"မင်းကရော အဲ့ဒီမှာ ဘာလုပ်ဖို့ ဆက်ပုန်းနေတာလဲ?"

နောက်ဆုံးတွင် ဝမ်ရွှမ်သည် အကွယ်တစ်နေရာ၌ ပုန်းနေရာမှ ထွက်လာပြီး ရှုပ်ထွေးနေသော အကြည့်တို့ဖြင့် ချူလျန့်ကို ကြည့်လိုက်သည်။ချူလျန် ဒဏ်ရာ အကြီးအကျယ် ရသွားကြောင်း ကြားသိရခြင်းကြောင့် ဝမ်ရွှမ်လည်း အလွန် စိုးရိမ်သွားပြီး ဘာကိုမျှ မတွေးဘဲ ချက်ချင်း ပြေးလာခဲ့ခြင်းဖြစ်သည်။သို့ပေမဲ့ အထဲသို့ မဝင်ရသေးခင်တွင် အကြီးအကျယ် ဒဏ်ရာရလာသူဟု မထင်ရလော
က်အောင်ကို ဒေါသတကြီး သောင်းကျန်းနေ
သော ချူလျန့် အသံကို ကြားလိုက်ရသည်။အချိ
န်အတော်ကြာပြီးမှ 'ရှစ်ဖူ'ဟူသော ခေါ်သံက သူနှုတ်ခမ်းဖျားမှ ထွက်အံလာခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now