CH 64

3.3K 520 85
                                    

ချူရှင်း သိပ်ကို နာကျင်နေရတယ်.....

ဟုတ်တယ်....ဘုရင်ဆိုးလေးလည်း အပြစ်မကင်းဘူး.... အပြစ်ကင်းတဲ့ လုလင်ပျိုလေးတွေ သူ့လက်ထဲမှာ ​သေသွားခဲ့တယ်....ချန်ယန်လည်း အပြစ်ကင်းတယ်....ဒါပေမယ့် ပိုင်မိဖုရားကြီးနဲ့ နန်းတော်ထဲသူတွေအကုန်လုံး အပြစ်မကင်းကြဘူး....သူတို့တွေရဲ့ အပြစ်တွေ​က များပြားလွန်လို့ အခါခါ သေပေးရင်တောင် အပြစ်မကျေနိုင်လောက်ဘူး...

ချူရှင်းရဲ့ မျက်ဝန်းထဲမှာ နာကျင်မှုတွေ သိပ်သည်းနေခဲ့ပါတယ်......

နောက်တစ်နေ့မှာ မင်းသားအန်းက သက်သေတွေရယ် လူတစ်ချို့ရယ် ပို့ပေးခဲ့တယ်...အကုန်လုံးကို စစ်ဆေးကြည့်တဲ့အခါ မင်းသားအန်း ပြောခဲ့သမျှတွေ မှန်ကန်နေမှန်းသိခဲ့ရတယ်.....

ချူရှင်း အပြစ်ပေးခန်းထဲက ထွက်လာလိုက်ပြီး ငယ်သားတွေကို အမိန့်ပေးခဲ့တယ်....

" သူတို့အကုန်လုံးကို ရင်း​ဂေါင်စံအိမ်ဆီ ပို့ပေးလိုက်.... "

ချန်ယန်ရဲ့ သေဆုံးမှုနဲ့ ပတ်သတ်လာရင် ချန်ချုန်သည်သာ အမှန်တရားကို အသိသင့်ဆုံးသူဖြစ်တယ်......

ချူရှင်း တမနက်ခင်းလုံး စာကြည့်ခန်းထဲမှာပဲ နေနေခဲ့တယ်...နေ့လည်ပိုင်းရောက်တော့ ချန်ချုန်က တွေ့ခွင့်တောင်းနေကြောင်း ငယ်သားတစ်ယောက်က သတင်းလာပို့ခဲ့တယ်.....ချူရှင်း စာရွက်အဖြူပေါ် မှင်စက်တွေ ပြန့်ကျဲ့သွားတဲ့ အထိ စုတ်တံကို ကိုင်ထားလိုက်ပြီး ......

"ငါ သူ့ကို မတွေ့ချင်ဘူး....ပြန်ခိုင်းလိုက်......"

သူ ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ချင်သေးဘူး....ညီအစ်ကိုလို ချစ်ခင်ရသသူကိုရော ဘူရင်ဆိုးလေးကိုရော သူ မျက်နှာမပြဝံ့သေးဘူး.....

ဒီလိုတွေ ဖြစ်လာခဲ့တဲ့အတွက် သူ့ကိုယ်သူကလွဲရင် ဘယ်သူ့ကိုများ အပြစ်ဖွဲ့နိုင်ဉီးမှာလဲ....တစ်စုံတစ်ဉီးက သူ့နှလုံးသားကို လှုပ်ရှားအောင် ပြုလုပ်ခဲ့ရင်တောင် ဒီလိုဖြစ်ဖို့ ခွင့်ပြုပေးလို​က်တဲ့ သူ့အပြစ်တွေပဲလေ......

အခုချိန်မှာ အတိတ်ကလို စိတ်အလိုလိုက်ပြီး အထိန်းအကွပ်မရှိ မပြုမူတော့ဖို့ သတိထားနေခဲ့ရတယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now