Chapter 34 - Unicode

4.9K 415 12
                                    

အိပ်နေရင်း စူးကနဲ့ ကျလာသည့် နေရောင်ကြောင့် မြင့်မြတ်ပိုင်နောင် နိုးလာခဲ့သည်။ နေရောင်စူးစူးကို အံတုရင်း မျက်မှောင်ကျုုတ်ကာကြည့်မိတော့ ပြတင်းပေါက်လိုက်ကာကို အညှိုးရှိရှိဖွင့်လိုက်သည့် သျှင်မင်းသန့်ကို တွေ့လိုက်ရသည်။

"ဦးလေးကြီး နိုးသွားတာလား"

ရည်ရွယ်ချက်ရှိရှိနှင့် နှိုးလိုက်ပြီးမှ မေးလာသည့် စကားကြောင့် မြင့်မြတ်ပိုင်နောင် ခေါင်းကို ခါရမ်းကာ ထထိုင်လိုက်မိ၏။ သူထထိုင်လိုက်သည့်အချိန်မှာပင် ဟန်နီက သူ့အပေါ်ခုန်တက်လာပြီး ခြုံထားသည့်စောင်အပါးပေါ်တက်အိပ်သည်။

"ချာတိတ် နိုးအောင်လုပ်လိုက်တာမဟုတ်ဘူးလား"

"ပေါက်ပေါက်ရှာရှာ"

အမှန်တကယ်က သျှင်မင်းသန့် အဲ့လောက်စိတ်ဆိုးသည်လည်း မဟုတ်တော့ပါ။ မနေ့ည ကြက်ကြော်မြင်ကတည်းက စိတ်ဆိုးသမျှအကုန်ကြေနေပြီဖြစ်၏။ သို့သော် စိတ်ဆိုးလို့ရတုန်းလေး ကောင်းကောင်းစိတ်ဆိုးနေခြင်းဖြစ်သည်။

သျှင်မင်းသန့် အနားကပ်သွားလိုက်တော့ သူ့ကို မော့ကြည့်နေသည့် မြင့်မြတ်ပိုင်နောင်က အိပ်ရာထခါစ ဆံပင်တို့ကို ဆွဲဖွလိုက်သည်။

"ထတော့လေ ထလည်းမပြေးဘူး"

ဟုတ်သည်။ သျှင်မင်းသန့်နှင့်မတွေ့ခင်က တစ်ရက်ပျက်ဖို့ပင် ခက်ခဲလှသည့် မနက်ခင်း ထပြေးတတ်သည့် အလေ့အကျင့်သည် မြင့်မြတ်ပိုင်နောင်ထံတွင် ပျောက်ခြင်းမလှပျောက်သွားခဲ့၏။ အကြောင်းက သူထလျှင် သျှင်မင်းသန့်ကပါ နိုးသွားတတ်တာကြောင့် မထတော့တာဖြစ်သည်ဟုပြောသော်လည်း တကယ်တည်းက သူ့ချာတိတ်ကလေးနှင့် နိုးထရသည့် မနက်ခင်းတွေအား သူကိုယ်တိုင် မဖျက်ဆီးရက်သောကြောင့် ဖြစ်သည်။

"မပြေးချင်ပါဘူး"

မြင့်မြတ်ပိုင်နောင်က ပြောလိုက်ရင်း သျှင်မင်းသန့်အား အိပ်ရာထဲသို့ ဆွဲချလိုက်၏။ ထို့နောက် အောက်ကို ဖိထားတော့ သျှင်မင်းသန့်က မျက်ပေစောင်းနှင့်ကြည့်သည်။ ကြောင်မလေးက သျှင်မင်းသန့်ပေါ်သို့ကျသွားပြီး အလယ်တွေဖိမိသွားသဖြင့် ယက်ကန်ယက်ကန်ထွက်လာရှာသည်။

HONEYWhere stories live. Discover now