{87}

4.3K 763 41
                                    

Unicode

ချူချန်တစ်ယောက် အတန်ကြာကြောင်အနေမိကာ သူ့ဘေးနားကို ချင်းရွှယ်လျှောက်လာပြီး ခပ်အုပ်အုပ်ရယ်သံကြားမှသာ သတိဝင်လာသည်။

ဒါပေမယ့် ကျိချင်းကျိုးကတော့ သူ့ကို အလေးအနက်ကြည့်နေပြီး အင်္ကျီစတွေ လိုက်ဆွဲနေသည်။

ချူချန်မှာ သူ့နားလေးနားကပ်ပြီး တိုးတိုးလေးပြောမိ၏။

“လူတွေအများကြီးနဲ့ အဆင်မပြေဘူးလေကွာ။ကိုယ့်ကို မှီပြီးလျှောက်လေနော်”

ကျိချင်းကျိုး မလျှောက်ချင်ပေ။သူက အရက်မူးနေတာဖြစ်၍ ခါတိုင်းတွေးခေါ်တတ်မှုတွေလည်း ပျောက်ဆုံးနေခဲ့ကာ ဇွတ်ပြောလာသည်။

“ချီလို့”

အရှေ့မှာ ပိတ်ရပ်နေသည့် လူတစ်စုကြောင့် ယွီအန်းယီလည်း ရှေ့သို့တက်ပြီး မေးရတော့သည်။

“ဘာဖြစ်လို့လဲ။နင်တို့ ဘာတွေလုပ်နေကြတာတုန်း”

“ကျိချင်းကျိုးက အားချန်ကို ချီခိုင်းပေမယ့် အားချန်က မချီဘဲ ချော့နေတာလေ” ချင်းရွှယ်ကပြောလာ၏။

ယွီအန်းယီတစ်ယောက် ဆွံ့အစွာ ချူချန်ကိုကြည့်လိုက်သည်။

“သူကမူးနေတာကို နင်က အကျိုးအကြောင်းတွေပြနေသေးတယ်ပေါ့။အခု သူမူးနေတာလေ။ဘာလို့ စကားများနေသေးတာတုန်း?”

ချူချန်လည်း တစ်ခြားသူတွေရှေ့မှာ သူတို့ချင်းတစ်ခါမှ နီးနီးကပ်ကပ်မနေဖူး၍သာကြောင်အနေတာဖြစ်ပြီး အခုယွီအန်းယီပြောတာလည်း အမှန်ပင်။ကျိချင်းကျိုးက မူးနေတဲ့အတွက် အကျိုးသင့်အကြောင်းသင့်နားလည်မှာမဟုတ်သေး။သူလည်း တစ်ခြားသူတွေကို လမ်းယမ်းပြလိုက်ကာ-

“မင်းတို့အရင်သွားနှင့်”

“ဘာလဲ? ကြောက်နေတာလား ဟေ့ကောင်ကြီး?”

ယောက်ရှိုးယွမ်တစ်ယောက် ရယ်လိုက်ပြီး-

“မင်းလိုချင်ရင်ငါတို့ recordလုပ်ပေးနိုင်တယ်နော်”

“မင်းတို့တော်တော်စကားများတာပဲ။သွားကြစမ်းပါ”

ယောက်ရှိုးယွမ်က ခေါင်းတစ်ခါခါဖြင့် ရှောက်ရုံအား ပခုံးဖက်လိုက်ရင်း-

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now