Part - 31 ( Zg + Uni)

4.9K 258 6
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 31  )

"  ဒယ်ဒီ..... ဒယ်ဒီ ချစ်သည်း မသိအောင်
လွန်ကြိုးဖြူဖြူနဲ့ သွားမပတ်သက်ရဘူးနော်
သွားပတ်သက်ရင် ဒယ်ဒီ လွန်ကြိုးဖြူဖြူ နဲ့
အိပ်ဖို့ လုပ်တဲ့ ကိစ္စ ချစ်သည်း မာမီကို
တိုင်မှာ "

" စိတ်ချ ဒယ်ဒီ သမီးလေး သဘော...
ဒယ်ဒီ သွားမပတ်သက်ဘူး ဟုတ်ပြီလား.. "

မေးဖျားလေး ဆွဲကိုင်ကာ သမီးဖြစ်သူ
ယုံအောင် ဦးနိုင်စေမာန် ပြုံးပြီးရင်း
ပြုံးပြနေလေသည်။

သို့သော် သူလား မပတ်သက်နိုင်မှာ...!!
တဏှာစိတ်ထပြီး လွန်ကြိုးဖြူဖြူ ကို
လူလွှတ်ပြီး သွားသွားကြည့်ခိုင်းနေသည်မှာ
ဘယ်နှရက်မှန်း မသိတော့ပေ။

သမီးဖြစ်သူ ယုံကြည်အောင် ဦးနိုင်စေမာန်
စကားတွေ အများကြီး ပြောပြီးတဲ့နောက်မှာ
ချစ်သည်းမာန် က အခန်းပြင်ထွက်သွားခဲ့သည်။

ချစ်သည်းမာန်လည်း ထွက်သွားရော
ဦးနိုင်စေမာန် သူ့ ဘောင်းဘီအိတ်ကပ်ထဲက
ဓာတ်ပုံတွေကို ထုတ်ကာ ဆုပ်ချေပစ်လိုက်သည်။

ထိုပုံထဲမှာ ခေါင်ယံမှိုင်း က လွန်ကြိုးဖြူဖြူ ကို
ဂေဟာရှေ့မှာ နမ်းနေတဲ့ ပုံတွေ။

" တောက်စ်...!!  မင်းကများ ငါ့ဆီက
ကလေးကို လုယူရဲတယ်... xီးလို
ခေါင်ယံမှိုင်း...!!! မင်း ငါ့ အကြောင်း
ကောင်းကောင်းကြီး  သိစေရမယ်...
ကလေးက ငါ့ အပိုင်...မင်း ဘယ်တော့မှ
မပိုင်ဆိုင်စေရဘူး ခေါင်ယံမှိုင်း "

**********************

"  သမီးလေး နေကောင်းရဲ့လား...??
မျက်နှာလေးက ပိန်သွားသလိုပဲ "

" ဖြူဖြူ မျက်နှာက ဒီတိုင်းပါပဲ ကြီးကြီး...
ကြီးကြီး စိတ်ထင်လို့ နေမှာပါ "

ဒီနေ့ ဈေးမှာ ဟိုတစ်ခါက ဆုံခဲ့တဲ့
ကြီးကြီးတင်မြိုင် ဆိုတဲ့ ကြီးကြီး နဲ့
ဖြူဖြူ ပြန်ဆုံသည်။

"  တစ်ခုခု စားမလား သမီး...ကြီးကြီး
ဝယ်ကျွေးမယ်လေ "

" ရပါတယ် ကြီးကြီး... ဖြူဖြူ မဆာပါဘူး "

" ဒေါ်တင်မြိုင်..!!  "

ကားရပ်ကာ ကားပေါ်ကနေ ဆင်းလာရင်း
ခေါ်လိုက်သော အသံလေးကြောင့်
ဒေါ်တင်မြိုင် ကိုယ်လေးက တစ်ချက်
တုန်သွားသည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now