24

9K 774 124
                                    

Unicode Version

ညနေရောက်တော့လည်း ရိပေါ်ထမင်းဆိုင်ရှေ့ကနေ
လာစောင့်နေမိသည်။ နေ့လည်ကတွေ့ခဲ့တဲ့
Hodieလေးနဲ့ လူကိုများတွေ့လေမလားလို့။
ဒါပေမဲ့ နှစ်နာရီလောက်ရပ်စောင့်နေတာတောင်
မရိပ်ယောင်မတွေ့ရပါ။ ဆိုင်ထဲကလူတွေကတောင်
သူ့ကို မင်္သဃာသလိုကြည့်နေကြပြီလေ။

အမှန်ဆို အထည်တွေယူပြီးတာနဲ့ ခုညတစ်ညအိပ်ပြီး
မနက်စောစောပြန်ရမှာဖြစ်သည်။
ဒါပေမဲ့ ရိပေါ်မပြန်တော့ပါ ယောကျ်ားကိုပစ်ပြီး
အပြေးကောင်းနေတဲ့တစ်ယောက်ကို
အမိဖမ်းပြီးမှ ပြန်ဖို့စဉ်းစားထားသည်။

အလိုနဲ့ ညနေ၆နာရီတောင်ခွဲတော့မှာမို့ မှောင်စပြုလာပြီ
ဖြစ်ပြီး ထမင်းဆိုင်လေးတောင် သိမ်းနေပြီမို့
ရိပေါ် စိတ်ပျက်ပျက်နဲ့ထိုနေရာမှထွက်ခွာခဲ့သည်။
ထို့နောက် ညစာအတွက် ပေါက်စိဝယ်ဖို့စျေးထိပ်ကို
လျှောက်လာခဲ့သည်။

"အမ ပေါက်စိသုံးလုံးလောက် "

"ပေါက်စိကုန်သွားပြီကွဲ့ မင်းနည်းနည်းနောက်ကျသွားတယ်
ခုနက ဟိုကာင်လေးက ကျန်တဲ့သုံးလုံးအကုန်ယူသွားတာ "

"အော်။ ဟင် "

ပေါက်စိသည်အမ လက်ညှိုးထိုးပြတဲ့လူကို
မထင်မှတ်ဘဲကြည့်လိုက်မိတော့ ရိပေါ်နှလုံးခုန်သံတွေ
မြန်လာရသည်။ ကားလမ်းကိုလှစ်ခနဲကူးပြေးသွားတာ
သူ့ရဲ့ရှောင်းကျန့်မှရှောင်းကျန့်ဘဲ။

ရိပေါ် ထွက်သွားတဲ့ ရှောင်းကျန့်နောက်ကို
နောက်ကနေတရပ်ကြမ်းပြေးလိုက်လာခဲ့သည်။
မီးစိမ်းနေတာတောင် ရိပေါ်မရပ်ဘဲ
ကားလမ်းကိုအမြန်ကူပြီး ပျောက်သွားတော့မဲ့
အရိပ်လေးနောက်ကို ပြေးလိုက်လာခဲ့သည်။

"ဘယ်ရောက်သွားပါလိမ့် "

လမ်းကွေ့နှစ်ခုနားရောက်တော့ အရိပ်လေးပျောက်သွားပြီး
ဘယ်လမ်းဝင်ရမှန်းမသိ ဗြာများနေသည်။
ဒီတစ်ခါတော့ ဘယ်နည်းနဲ့မှလွှတ်မပေးနိုင်ဘူး
မရရအောင်ရှာရမယ်။

ရှောင်းကျန့် သူ့နောက်ကနေ လူတစ်ယောက် လိုက်လာမှန်းသိလို့ ချုံအကွယ်နားတွင် ပုန်းနေလိုက်သည်။
ချုံအကွယ်ကနေ လှမ်းကြည့်လိုက်တော့ အုပ်ထုပ်အမဲကို
ငိုက်ငိုက်စောင်းထားတဲ့ လူတစ်ယောက်က သူ့ကိုရှာနေသည်ထင် ဟိုကြည့်ဒီကြည့်လုပ်နေသည်။

My very bad husband  belong to meWhere stories live. Discover now