Chapter : 131

8.3K 930 262
                                    

Unicode

ထူးဆန်းသော အဖြစ်အပျက်

________________

အချုပ်ခန်းသည် အလွန်တရာ အေးစိမ့်မှောင်မိုက်လှ​၏။

အရုဏကို ဖမ်းချုပ်ထားသော အနှီအချုပ်ခန်းမှာ ပြတင်းပေါက်ဟူ၍ အလုံးစုံမရှိဘဲ ထုထည်ခိုင်မာလှသော အေးစက်စက်မာကြောကြော နံရံများနှင့်သာ လေးဘက်လေးတန်ကို ကာရံထားသည်။

အချုပ်ခန်းထဲသို့ဝင်ရောက်ရန် တံခါးပေါက်တစ်ပေါက်တည်းသာရှိသည်။ ယင်းတံခါးကိုလည်း ထူထဲလှသော သံထည်ဖြင့် ပြုလုပ်ထားပြီး အထဲကိုချောင်းကြည့်ရန် မျက်စိဖြင့်ကြည့်နိုင်သည်ဆိုရုံမျှသော အပေါက်သေးသေးလေးတစ်ပေါက်သာ ဖောက်ထွင်းထားသည်။

ထိုသို့ လေပင်မဝင်နိုင်လောက်အောင် လွတ်လမ်းမရှိ ပိတ်ကာထားသည်မို့ အချုပ်ခန်းထဲသို့ အလင်းတောင် ဖောက်ထွင်းမဝင်ရောက်နိုင်ပေ။ အလင်းမဝင်နိုင်၍ အခန်းမှာ အနက်ရောင်ထုထည်ကြီးပမာ ပိန်းတိန်းမှောင်မိုက်နေပြီး ရေခဲခန်းပမာလည်း အေးစိမ့်လွန်းလှ​သည်။

ထိုအခန်း​၏အလယ်တွင် အရုဏကို သံကြိုးများ အထပ်ထပ်ခတ်ကာ ဖမ်းချုပ်ထားသည်။

အရုဏ​၏ လက်နှစ်ဖက်ကို နည်းနည်းလေးမျှလှုပ်ရှားမရအောင် သံကြိုးများဖြင့်ရစ်ထားပြီး ခြေထောက်နှစ်ဖက်တွင်လည်း သံခြေချင်းများခတ်ထားသည်။

အရုဏ​၏ခေါင်းကို မျက်စိနှစ်ပေါက်နှင့် လေရှူပေါက်သာ ပါသော သံခေါင်းစွပ်ဖြင့်စွပ်ထားသည်။

ယင်းခေါင်းစွပ်သည် အလွန်တရာသန်မာလွန်းလှ၍ ခေါင်းစွပ်အတွင်း၌ အရုဏ​၏နားထင်၊ နဖူး ဘေးပတ်လည်နားတစ်လျှောက်ကို ထက်ရှသော ဆူးချွန်များဖြင့် ရွယ်ထားပြီးဖြစ်သည်။

အကယ်၍ အရုဏသာ ဘီလူးပုံပြောင်းရန်ကြိုးစားပါက သူ​၏ခန္ဓာကိုယ်မှာ အနည်းနှင့်အများဆိုသလို ကြီးထွားလာမည်ဖြစ်ပြီး ထိုအခါ ဆူးချွန်များက သူ​၏ဦးခေါင်းခွံကို စိုက်ဝင်သွားမည်ဖြစ်သည်။

ဘီလူးအသွင်ပြောင်းနိုင်သော သူပေမို့ ထိုသို့လှုပ်မရအောင် ချုပ်ထိန်းထားခြင်းဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now