အပိုင်း (၉၉) သခင်ကျို့ရဲ့သူငယ်ချင်းကို ကာကွယ်ပေးခြင်း
နောက်တစ်ရက်မှာတော့ ဖူကျို့က ကျောင်းကိုသွားသည့် လမ်းတစ်လျှောက်လုံး သမ်းဝေနေပေတော့သည်။ သူမ၏ လက်တော့အစိတ်အပိုင်းများကို တစ်ညလုံး တပ်ဆင်ထားရတော့ သူမလက်မောင်းကိုပင် အနိုင်နိုင်သယ်နေရပေ၏။ ယနေ့တော့ သူမက စကိတ်ဘုတ်အစား နှစ်မှတ်တိုင်လောက် လမ်းလျှောက်ရသည့်ဘတ်စ်ကား မှတ်တိုင်သို့သွားကာ ဘတ်စ်ကားစီရန် ကြံလေသည်။ လမ်းတစ်လျှောက်မှာတော့ ကျောင်းဝတ်စုံ ဝတ်ဆင်ထားကြသည့် ကောင်မလေးတွေအများစုဟာ သူမကို ဓာတ်ပုံရိုက်ကြတော့သည်။
ဖူကျို့က သူမ၏ ပါးစပ်ထဲ၌ တုတ်ထိုးသကြားလုံးငုံထားရင်းဖြင့် ကောင်မလေးများကို ပြုံးပြလိုက်လေသည်။ တစ်စုံတစ်ယောက်က လဲကျခါနီး ဖြစ်သွားချိန်တွင် ဖူကျို့က ထိုကောင်မလေး၏ လက်ကို လူကြီးလူကောင်းဆန်ဆန်ဖမ်းဆွဲပေးလိုက်သေး၏ ။
ဖူကျို့ ဘတ်စ်ကားပေါ်က ဆင်းလိုက်တာသည်နှင့် ကောင်မလေးတွေအားလုံးဟာ ရှက်သွေးဖြာသွားကြလေသည်။ သူတို့အားလုံးက ဖူကျို့အနောက်သို့ စိတ်လှုပ်ရှားစွာ လိုက်နေကြပြီး ထိုလူငယ်လေးက သူ့အတန်းထဲကိုဝင်သွားတာကို မြင်လိုက်ရသည်နှင့် ကောင်မလေးတွေဟာ သက်ပြင်းကိုယ်စီချလိုက်ပြလေတော့သည််
ဒါပေမဲ့ အတန်းထဲမှာတော့ ရာသီဥတုအခြေအနေဟာ သိပ်မကောင်းလေဘူး။
ဖူကျို့အတန်းထဲသို့ဝင်လိုက်သည်နှင့် ကြမ်းပြင်တစ်နေရာက အမှိုက်များဖြင့် မွစာကြဲနေပြီး ကြမ်းပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်နေသည့် ရွယ်ယောင်ယောင်ကို တွေ့လိုက်ရလေသည်။ သူမ၏ ဆံနွယ်ရှည်များက မျက်နှာကို ဖုံးအုပ်ထားသော်ငြား သူမက ဘယ်လောက်ထိ စိတ်ဆင်းရဲနေလဲဆိုတာကို အလွယ်လေး ပြောနိုင်ပေသည်။ သူမ၏ ဖတ်စာအုပ်ကို ကိုင်လိုက်သည့် အချိန်မှာတောင် သူမ၏လက်များကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပေတော့သည် ။
"ဝက်ငတုံးမ နင့်ကိုယ်နင်ဘယ်လောက်ရုပ်ဆိုးတယ်ဆိုတာကိုသိရင် ငါတို့ဆီက ဝေးဝေးသွား "
ယောကျာ်းလေးများက ထိုသို့ပြောလျက် ရွယ်ယောင်ယောင်လက်ထဲက ဖတ်စာအုပ်ကို ကန်ကျောက်လိုက်လေသည် ။
STAI LEGGENDO
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့
Storie d'amoreOriginal Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBond, Erata Team ... ဇာတ်လမ်းမိတ်ဆက် အပေါ်ယံမှာတော့ သူမက အထက်တန်း ကျောင်းသားလေး ဂေးတစ်ယောက်ပေါ့။ တကယ့်...
