ဝိုင်(၂၁)

25.1K 1.2K 34
                                    

Unicode

ညဥ့်နက်မှသားဖ၃ယောက် အိပ်ခဲ့ကြသော်လည်း သူကတော့ မထလို့မရ။ လုပ်စရာmeeting တွေလည်းကျန်သလို ရှိတဲ့အလုပ်တွေကိုလည်း အပြတ်ဖြတ်ရမည်။

ကိုယ့်လက်မောင်းပေါ် အိပ်နေတဲ့ ကိုကို့ ကိုမနိုးအောင်အသာအယာဖယ်ရသေးသည်။ကုတင်ပေါ်က ခြေကားယားလက်ကားယားဖြင့် အိပ်နေတဲ့သားအဖကိုကြည့်ကာ ကြည်နူးရပြန်သည်။အချိန်ကလည်း ၇ခွဲနေပြီ လုပ်စရာတွေလည်းများနေတာမို့ ရေချိုးဖို့သာပြင်လိုက်တယ်။

ရေချိုးခန်းထဲထွက်တော့ ကိုကိုကနိုးနေပြီ။

"နိုးပြီလား ကိုကို"

တိုးတိုးလွလွလေးဆိုလိုက်တော့

"အင်း ခဏနော် မောင် ငါမနက်စာပြင်ပေးမယ်" ဟု ကမန်းကတန်းထရင်း ပြန်ဖြေလာသည်။အချိန်တွေကြာလာတာနဲ့အမျှ ကိုကိုဟာလည်း မီးဖိုချောင်ကိစ္စတွေနဲ့ စိမ်းသက်မနေတော့။You tube ကနေကြည့်ကာ လျှောက်လုပ်ထားတွေရော chefဆီကနေအပျင်းပြေသင်ထားတဲ့ အကျိုးဆက်ကြောင့် ကိုကိုက အမြဲတမ်းလိုလို လုပ်တတ်တာလေးတွေ ချက်ကျွေးလေ့ရှိသည်။

"ရပါတယ် ကိုကို အိပ်ချင်ရင် အိပ်ဦးလေ"

"တော်ပြီ မအိပ်တော့ဘူး အောက်ဆင်းစောင့်နေ"

"ဟုတ် ကိုကို"

ညတုန်းကကိစ္စကြောင့်အနည်းနဲ့အများ ခံစားရမည်ဆိုတာသိသော်လည်း ကိုကိုက အခုတော့အဆင်ပြေနေပါသည်။မဟုတ်ဘူး အဆင်ပြေချင်ယောင်ဆောင်နေတာ။

.....
ဧည့်ခန်းတွင်သာ ထိုင်စောင့်နေစဥ် ခဏအကြာ ကိုကိုကဆင်းလာသည်။အိပ်ယာထကာစလေးမို့ ဆံပင်လေးတွေက ရှုတ်ပွကာထိုးထိုးထောင်ထောင်နှင့်ပင်။ဆေးတင်စရာမလိုတဲ့ နှုတ်ခမ်းသား ခပ်ရဲရဲလေးက မျက်နှာဖွေးဖွေးလေးပေါ်မှာ ပနံသင့်စွာ။ညအိပ်ဝတ်စုံကိုမလဲရသေး​ပေ။အင်္ကျီကလည်း လျော့တိလျော့ရဲ ဖြစ်နေပြီး ပေါ်နေတဲ့ ညှပ်ရိုးဖွေးဖွေးလေးကိုလည်း အကြည့်ရောက်မိပြန်သည်။ မသိလိုက်ပါပဲ အသည်းယားလာကာ အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်မိသည်။sexyကျလိုက်တာ။ကိုကိုကသူ့ကိုပြုံးပြကာ မီးဖိုချောင်ထဲဝင်သွားသည်။သူလည်း ကိုကို့နောက်ကိုလိုက်သွားလိုက်ပါသည်။
လှုပ်လှုပ် လှုပ်လှုပ် နဲ့ မနက်စာပြင်နေသောကိုကို့ကျောပြင်လေးကိုကြည့်မိတော့ ကြည်နူးမိတာကကျွန်တော်။ခါးသွယ်သွယ်လေးကို ဖက်လိုက်တော့ တုန်တက်သွားတဲ့ကိုယ်လေး။ကိုကိုကသူမှန်းသိတာကြောင့် ဘာမှမပြောဘဲ လုပ်စရာရှိတာကိုသာဆက်လုပ်နေသည်။ ဒါကသူ့ကိုပလစ်တာလား။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now