Ep_24

586 51 79
                                    


ခုဆို ဆူဘင်းရဲ့ဒဏ်ရာကလဲ အများကြီးပြန်ကောင်းလာပြီး အလုပ်ပြန်လုပ်လို့တောင်ရနေပေမဲ့ ယောန်ဂျွန်းကတော့စိတ်မချပါ..စိတ်မချလို့တောင် ချွဲဆူဘင်းအိမ်အထိသူပြန်ရောက်လာတာလေ ဒါကို အဲ့ကောင်က အလုပ်သွားဖို့ကိုဘဲဇွတ်ပြောနေတာ..

" ကျွန်တော် တကယ်သက်သာနေပြီလေ .. ကိုကိုရယ် "

" ငါစိတ်မချဘူးလို့ !!! "

" စိတ်မချမဖြစ်နဲ့နော် ကျွန်တော်တကယ်ဘာမှမဖြစ်စေရပါဘူး..သေချာဂရုစိုက်ပြီးလုပ်မယ်နော် "

ဘာလို့ အလုပ်ကိုအဲ့လောက်ထိတောင်သွားချင်နေရတာ​လဲ..သူစိတ်မချဘူးလို့ပြောနေတဲ့ကြားကလေ ၊ ဒီလိုဖြစ်အောင်လုပ်တဲ့တရားခံကိုလဲ တရားဥပဒေအရအရေးယူချင်ပေမဲ့ မေတ္တာရှင်လေးချွဲဆူဘင်းက မလုပ်ပါနဲ့တဲ့..အသက်အန္တရာယ်နဲ့တောင်ဆိုင်တဲ့ကိစ္စကိုလေ

" ဆူဘင်း ကိုကိုမင်းကိုတကယ်စိတ်မချဘူး..သက်သာနေပြီဆိုပေမဲ့ အလုပ်ကြောင့်ချုပ်ရိုးပြည်သွားရင်ဘယ်လိုလုပ်မလဲ..ကိုကိုက မင်းကိုဆုံးရှုံးရတော့မလိုဖြစ်ဖူးထားတာမလို့ကြောက်တယ်..မင်းတစ်ခုခုဖြစ်သွားမှာ တကယ်ကြောက်တယ်..ကိုကိုတောင်companyပြန်မသွားသေးဘဲ မင်းအနားမှာနေပေးနေတာလေ..မင်းကတကယ်ဘဲ အဲ့လိုလုပ်နေမှဖြစ်မှာလား "

ဟုတ်တော့လဲဟုတ်ပါသည် ၊ ကိုကိုက ခုထိအလုပ်ပြန်မဝင်သေးဘဲ ဆူဘင်းနားမှာတစ်ချိန်လုံးရှိနေပေးတာ..အရင်က သူ့အနားမှာဇွတ်ဆွဲခေါ်ထားရပေမဲ့ ခုတော့ ကိုကိုလှလှလေးကသူ့အပိုင်လေးဖြစ်နေပြီမလို့ ချုပ်နှောင်မထားတော့ဘဲ ကိုကို့အိမ်မှာဘဲ ပြန်နေခိုင်းပါတယ် ၊ ဒါပေမဲ့ ကိုကိုကတော့ သူဆေးရုံကဆင်းတာနဲ့ သူ့ဆီပြန်လိုက်လာတာ..သက်သာလို့အိမ်ပြန်ပါပြောရင် သူ့ကိုနှင်ပါတယ်ဆိုပြီး နှုတ်ခမ်းကြီးဆူကာပွစိပွစိတွေလုပ်တော့တာ

ခုဆို ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုကိုနဲ့သူက လွတ်လွတ်လပ်လပ်ချစ်ခွင့်ရနေပြီ.. ချွဲယောန်ချယ်ကတော့သိပ်ကြည်တဲ့ပုံမပြပေမဲ့ အဲ့မကောင်းဆိုးဝါချယ်လောက်ကတော့ စာရင်းထဲကိုထည့်မနေတော့ ၊ဆူဘင်းက ကိုကိုလိုတာမှန်သမျှအကုန်ဖြည့်စည်းပေးချင်တယ် သူ့ကြောင့်မျက်နှာငယ်ရတာမျိုး ကိုကို့မှာမရှိစေချင်ဘူး ၊ သူလဲ သူများတွေနဲ့တန်းတူကိုကို့ကိုထားချင်တာမလို့ အလုပ်ကိုသေချာလုပ်ချင်တယ် သူအလုပ်မသွားတာ တကယ်ကိုကြာနေပြီ..ဒါပေမဲ့ ကိုကိုကအများကြီးစိတ်ပူနေတဲ့ပုံမလို့ ကိုကို့သဘောအတိုင်းအိမ်မှာဘဲထပ်နေပေးရတာပေါ့..ဖြစ်နိုင်ရင် သူလဲ ဒါလေးနားကနေမခွာချင်ပါဘူး

𝗧𝗵𝗲 𝗦𝘁𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 Where stories live. Discover now