2.3K 409 10
                                    

အပိုင်း ၇ကျိုင်ရှင်းချန်ရဲ့ ခြေထောက်တွေက….

 

ထိုတခဏတွင် ကျိုင်ရှင်းချန်ကိုယ်တိုင်လည်း အေးခဲသွားသည်။

မသိတဲ့လူတွေဆိုရင် သူက လူသန်းပေါင်းများစွာရဲ့ မျက်နှာသာ ပေးခံရတယ်လို့ ထင်သွားမှာပဲ

ဒီအတိုင်း သူရဲကောင်းတွေက လှပလွန်းပြီး စိတ်ကောင်းရှိနေကြတာပါ

 

ဒါပေမဲ့ စိတ်မကောင်းစရာက သူက အခြားလူနဲ့ သဘောတူထားပြီးတာပဲ

 

“ ယန်ကျစ်က ကျွန်တော့်ကို လိုက်ပို့မယ် ပြောတယ်”

ကျိုင်ရှင်းချန်က ပြောလိုက်သည်။

 

ဖေးရွှီက တခဏခန့် အေးခဲသွားပြီးမှ သူ၏ အနောက်တွင်ရှိသော ယန်ကျစ်ကို လှမ်းကြည့်သည်။

 

ယန်ကျစ်က အနည်းငယ် ပြုံးပြသည်။ ဖေးရွှီက ချက်ချင်းလိုလို လှည့်ထွက်လိုက်သည်။

 

“ ကျေးဇူးတင်ပါတယ်”

ကျိုင်ရှင်းချန်က လှမ်းပြောသည်။

 

ဖေးရွှီက ပြန်မပြောဘဲ သူ၏ Maybachပေါ် တန်းတက်သည်။

 

သူ၏ ဘေးမှ သွမ့်ရီဟွားက ပြောသည်။

“ သူက အခြားလူကို လိုက်ပို့ပေးမယ်လိုု့ ပြောတာ ထူးဆန်းတယ်”

 

 ဟော့ချန်းက ထိုစကားကို ရယ်ပြီး ကျိုင်ရှင်းချန်ကို ပြောသည်။

“ ဒါဆိုရင် ကိုယ် မင်းကို လိုက်မပို့တော့ဘူး”

 

 “ ဝမ်နော့ကရော”

ကျိုင်ရှင်းချန်က မေးလိုက်သည်။

 

 သူတစ်ယောက်တည်းက ကားမရှိတာ မဟုတ်ဘူးလေ ဝမ်နော့လည်း ကားမရှိဘူး

 

“ ချင်ချင် ခေါ်သွားတယ်”

သွမ့်ရီဟွားက ပြောသည်။

 

 ဂီး ဒီလင်းချင်ချင်ကတော့.. ဘာလို့ ဝမ်နော့ကို အခွင့်အရေး တစ်ခါလောက် မပေးတာလဲ

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now