2.2K 390 10
                                    

အပိုင်း ၉

သူတို့တွေ အပြာအနီစံအိမ်ကို ပြန်ရောက်ခါနီးအချိန်တွင် အရှေ့မှ သွားနေသော ဟော့ချန်းတို့က ရုတ်တရက် ရပ်သွားသည်။

အနည်းငယ်လှမ်းသောနေရာတွင် လူအယောက် နှစ်ဆယ်၊သုံးဆယ်ခန့် စုဝေးနေကာ ဆူညံနေပြီး ပရိုဂရမ်မာ အဖွဲ့၏ အပြေးအလွှားဖြေရှင်းသံများကိုလည်း ကြားရသည်။

“ ဘာဖြစ်နေတာလဲ”

ကျိုင်ရှင်းချန်က မေးသည်။

“ ယန်ကျစ်ရဲ့ ပရိတ်သတ်တွေ ရောက်လာတာ ဖြစ်မယ်”

လင်းချင်ချင်က ပြောသည်။

ယန်ကျစ်က ထိုအဖွဲ့ထံ လျှောက်သွားချိန်တွင် ကျန်သော လူများက နေရာတွင်၇ပ်စောင့်ကြသည်။ ထိုအခိုက် ညကိုပင် ဖြိုခွင်းနိုင်လောက်သော အော်ဟစ်သံများကို ကြားလိုက်ရလေသည်။

ဟူရင်းက မနာလိုကြီးစွာ ကြည့်သည်။

“ သူက ကျော်ကြားလွန်းတယ်”

ပရိတ်သတ်များက ထွက်မသွားကြသဖြင့် သူတို့ အဖွဲ့ကသာ ဖြတ်ကျော်သွားလိုက်ရသည်။ အဖွဲ့သားများကလည်း ကာကွယ်ပေးသည်။

ပရိတ်သတ်တစ်ယောက်က သူတို့ကို ဗီဒီယို ရိုက်နေသည်။ ဖေးရွှီက မျက်မှောင်ကြုတ်ပြီး ခပ်မြန်မြန် လျှောက်သွားသည်။ ဟူရင်းက ကင်မရာကို ကြည့်ကာ တောက်ပစွာ ပြုံးပြီး လက်ရမ်းပြသည်။ ဝမ်နော့ကမူ မသက်မသာဖြစ်ကာ သွမ့်ရီဟွားနှင့် ကျိုင်ရှင်းချန်တို့နောက်မှ ကပ်လိုက်သွားသည်။

ခြေတံရှည်များနှင့် ချောမောသောအမျိုးသားများက ကင်မရာကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားကြပြီး ရှက်ရွံ့ခြင်း၊ မိမိုက်ခြင်း၊ လန်းခြင်း၊ ချိုမြိန်ခြင်း၊ တည်ငြိမ်ခြင်းတို့ ရောပြွန်းနေသည့် ခံစားချက်အမျိုးမျိုးကို ြ ပသနေသည့် ဗီဒီယိုက အင်တာနက်ပေါ်ရောက်သွားချိန်တွင် နောက်ခံကောင်းကင်မှ တိမ်ကင်းစင်သည့် ကြယ်များထက်ပင် ထိုအမျိုးသားများက တောက်ပထင်းထွက်နေကြောင်း မြင်ရသည်။

[ သောက်ကျိုးနည်း အရည်အသွေးကို ကြည့်စမ်း]

[ လူတိုင်းက အရမ်းကို ချောလွန်းနေတာပဲ]

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now