Part 33 ( Zg + Uni )

4.8K 256 7
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 33  )

သူသာ ​သေသွားမယ်​ဆိုရင်​ ​သွေးသစ်​ ရဲ့
မုန်း​နေတာ​တွေကို မြင်​ရ​တော့မှာ
မဟုတ်​။ ​သွေးသစ်​ကလည်း သူ့ကို
မုန်း​နေတဲ့ သူဆို​တော့ သူသာ​သေသွား
ရင်​ သိပ်​ကို ​ပျော်​​နေမှာ။

အနားက ငှဲ့ထားတဲ့ ရေခွက်ကို ယူကာ
လက်ဖဝါးပေါ်က အိပ်ဆေးအပြင်းစား
တွေကို ပါးစပ်ထဲ ထည့်ဖို့ ခြားနား
လုပ်လိုက်သည်။

" အ့... !! "

ထည့်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ပိုက်ဆံအိတ်
နဲ့ ပစ်ပေါက်ခံလိုက်ရကာ ဆေးလုံးတွေက
အောက်ပြန့်ကျဲသွားပြီး ခြားနား ပါးစပ်ကလည်း
နာလို့ အသံထွက်သွားခဲ့သည်။
ထို့အတူ ​ခေါင် အသံကလည်း တဆက်​တည်း
ထွက်​​ပေါ်လာခဲ့သည်​။ သူ့ ​နောက်​မှာက
မိုက်​ကယ်​။

" ရူးနေလား ခြားနား... !! မင်းကိုယ်မင်း
အိပ်ဆေး သောက်ပြီး သတ်သေရအောင် "

ပိုက်​ဆံအိတ်​နဲ့ ပစ်​​ပေါက်​လိုက်တဲ့
တရားခံလည်း ဖြစ် တဖန်
သူ့ သူငယ်ချင်းလည်း ဖြစ်သော ခေါင်
ကို ခြားနား ကြည့်ကာ...

" မင်း မသိပါဘူး ခေါင်... ငါ
အသက်ရှင်နေရတာ ဘယ်လောက်
ပင်ပန်းတယ်ဆိုတာ... ဒါ့အပြင် မင်းတို့ကလည်း
ငါ့ကို ပစ်ပယ်ထားကြတယ်လေ... ဒီတော့ ငါ
အရမ်းပင်ပန်းနေပြီ "

" သွေးသစ် ကို ချစ်နေရလို့ မင်း အရမ်း
ပင်ပန်းနေတာ မဟုတ်လား...??  "

"  ဟင်...မဟုတ်ဘူး ငါ သူ့ကိုမကြိုက်ဘူး
ခေါင်... ငါ သူ့ကို မကြိုက်ဘူး "

ဂေးနေမှန်း သိရင် ခေါင် သူ့ကို ရွံရွာသွားမှာ
စိုးတဲ့စိတ်နဲ့ ခြားနား အသည်းအသန်
ငြင်း၏ ။

" ငြင်းမနေနဲ့ ခြားနား... မင်း သွေးသစ်
ကို ကြိုက်နေတယ်ဆိုတာ ငါ့ လူ
မိုက်ကယ်ဆီကနေ သိပြီးပြီ
မိုက်ကယ် ခြားနား ကို အသံဖိုင်ဖွင့်ပြလိုက် "

" ရက်စ် ဘော့စ်...!! "

အပြောနဲ့ အလုပ်နဲ့  ညီမျှစွာ မိုက်ကယ်
က အသံဖိုင်​ဖွင့်ပြပေးလာသည်။

ထိုအခါ နားထောင်ပြီးတဲ့အဆုံး အံ့ဩသွား
သော ခြားနား မျက်နှာကို သိသိသာသာကြီး
ခေါင် ပြုံးကြည့်နေခဲ့သည်။ ဒါ့က ဘယ်လိုလဲ
ဆိုတဲ့ အထာမျိုးနဲ့ ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now