Part - 10

29.1K 1K 47
                                    

Unicode

ကုမ္ပဏီ၏ရှေ့နေ့အဖွဲ့နဲ့ဆွေးနွေးနေတုန်း ဂုဏ်နဂါးဆီက လက်ခံရတဲ့ဖုန်းကြောင့် အစည်းအဝေးကိုဖျက်ကာ အိမ်ကိုသာ ဒုန်းစိုင်းလာမိသည်။နှစ်တွေ ဒီလောက်ကြာတာတောင် ထင်လင်းသိုက်ရဲ့အကြောက်တရားက ပျောက်မသွားပဲဖြစ်နေသေးတာပါ။ တစ်ယောက်ကများ မီးငယ်ကိုပြန်ခေါ်သွားမှာ စိုးရိမ်တာမို့ သူ့စိတ်တွေထူပူကာ ယောက်ယက်ခတ်နေလေပြီ။

"နဂါး ... မီးငယ်ကို တွေ့ပြီလား"

တိတ်ဆိတ်နေတဲ့ အိမ်ကဆီးကြိုနေပေမဲ့ တုန်လှုပ်စွာပေးမိတာပါပင်။

"မတွေ့သေးဘူး။အမြွှာတွေလည်း မီးငယ်သွားတတ်တဲ့နေရာတွေဆီ လိုက်မေးပေမဲ့ မတွေ့သေးဘူးတဲ့ကွာ"

"ကားလည်းရှိတယ်။ဒါဆို ... "

တစ်နေရာရာကိုတပ်အပ်သိသွားတာမို့ ထင်လင်းသိုက်ဦးတည်လိုက်တာ အိမ်ပေါ်ထပ်က မီးငယ်အခန်းဆီကို...

သူထင်တဲ့အတိုင်းမှာပဲ အခန်းထဲမှာ ငိုသံသဲ့သဲ့က ပျံ့လွင့်နေဆဲဖြစ်၏။အိပ်မက်ဆိုးတွေမက်တဲ့အခါ ကုတင်အောက်ဝင်ပြီး ငိုနေတတ်တဲ့ကလေးက အခုလည်း ထိုနေရာမှာပင်။

"မီးငယ်... ကိုယ်ရောက်လာပြီလေ"

"အန်ကယ် အဟင့် ဟင့်"

"ထွက်ခဲ့နော်...ကိုယ်ရှိတယ်လေ။ ဘာမှမဖြစ်တော့ဘူး မီးငယ်မကြောက်ပါနဲ့"

"အိပ်မက်မက်တယ်"

"အင်း ကိုယ်သိပါတယ်။လာပါကလေးရယ် ကိုယ့်ဆီလာခဲ့နော်"

ခေါင်းတခါခါဖြင့် ငိုရှိုက်နေတဲ့မီးငယ်ကိုကြည့်ပြီး ဂုဏ်နဂါးကချက်ချင်းလှည့်ထွက်သွားသလို မင်းသန့်ကလည်းရှောင်သွားသည်။

ဒီနိုင်ငံကိုပြောင်းလာတဲ့အချိန်ထဲက မကြာခဏမက်တဲ့အိပ်မက်ဆိုးက သူမရှေ့မှာ လူတွေအများကြီးကိုရက်ရက်စက်စက် သတ်နေတာပါတဲ့။အဲ့ဒီအချိန်တုန်းကလည်း မီးငယ်က အခုလိုပဲ ကုတင်အောက်မှာဝင်ပုန်းခဲ့တဲ့ အကြောင်း သူမအိပ်မက်ကိုပြန်ပြောပြချိန်မှာ ထင်လင်းသိုက်တို့၃ယောက် ကြောက်လန့်ခဲ့ရသည်။အိပ်မက်တင်မဟုတ်ပဲ တကယ့်လက်တွေ့အဖြစ်အပျက်ဖြစ်နေမှန်း မီးငယ်ကိုခေါ်ခဲ့တဲ့ သူတို့ကအသိဆုံးပင်။အဲ့ဒီအချိန်ထဲက အိပ်မက်ဆိုးတွေမက်ရင် မီးငယ်ကကုတင်အောက်မှာဝင်ပုန်းကာ ငိုနေတတ်သည်။

HUSBAND:DaddyWhere stories live. Discover now