Ch 351 to 355

216 29 0
                                    


Chapter 351 - စမ်းသပ်မှုရဲ့ ပထမရရှိသူ

ဒီနေရာကို ရောက်နေကြတဲ့ လူငယ်မျိုးဆက်သစ်တွေက မင်းသမီးစွေကျူကို ဒီတစ်ကြိမ်ပြိုင်ပွဲရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ အများဆုံး ရရှိသူ ဖြစ်သင့်တယ်လို့ ခံစားမိနေခဲ့ကြတယ်။

ဘယ်လို ဖြစ်ဖြစ် မင်းသမီး စွေကျူက ကောင်းကင်ကြယ် အင်ပါယာရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင် တစ်ယောက်လေ။

“မင်းသမီး စွေကျူ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဘယ်လောက်ရခဲ့လဲ”

အဖိုးအိုက မင်းသမီး စွေကျူကို ကြည့်ပြီး မေးလိုက်တယ်။

ဒီမှာ ရှိနေတဲ့ လူတိုင်းရဲ့ အကြည့်အောက်မှာပဲ မင်းသမီးစွေကျူက စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို ထုတ်ယူလိုက်တယ်။

စိမ်းပြာရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုနဲ့ အဝါရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အခု ၃၀၀ ကို မင်းသမီးစွေကျူက ထုတ်ယူ ပြလိုက်တယ်။

“အိုး ..  ဘုရားရေ. .”

လူငယ်များစွာက မင်းသမီးစွေကျူ ထုတ်ပြတဲ့ များလှစွာ သော စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို မြင်ပြီးနောက် မိုးကြိုး အပစ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းသမီးစွေကျူတစ်ယောက် များပြားလှတဲ့ စိတ်ဉာဉ်ပုံဆောင်ခဲတွေ ရရှိလိမ့်မယ်လို့ လုံးဝကို မမျှော်လင့်မိထားဘူးလေ။

ပြီးတော့ စမ်းပြာရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုပါ ရခဲ့သေးတယ်။

စိမ်းပြာရောင် စိတ်ဝိဉာဉ်ပုံဆောင်ခဲဆိုတာက အဆင့် သုံး နတ်ဆိုးသားရဲတွေ ဒါမှမဟုတ် ထူးခြားတဲ့ နတ်ဆိုးမိစ္ဆာတွေမှာသာ ပါရှိတယ်လေ။

“မင်းသမီး စွေကျူက ဒီနေရာမှာ အစွမ်းအထက်ဆုံး အကောင်းဆုံးလား”

အဆင့်သုံး နတ်ဆိုးသားရဲဒါမှမဟုတ် နတ်ဆိုးမိစ္ဆာကို သတ်ဖြစ်နိုင်နေပြီလား။

ဒီအချိန်မှာတော့ လူငယ်တွေအားလုံးရဲ့ မျက်နှာထက်မှာ လုံးဝကို အံ့အားသင့်နေခဲ့ကြတယ်။

သူတို့တွေက လင်းချန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကောင်းကင်နဲ့ မြေပြင်လောက် ကွာခြားတယ်လို့ တွေးခဲ့ကြပေမယ့် မင်းသမီးစွေကျူနဲ့သာ နှိုင်းယှဉ်ရမယ်ဆိုရင် တကယ်ကို ကောင်းကင်နဲ့ မြေပြင်လောက် ကွာဟနေပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now