Ch 361 to 365

226 24 0
                                    


Chapter 361 - သံသယ

“ဟူး .  .”

ကျန်တဲ့ နတ်ဆိုးမိစ္ဆာတွေက အဆင့်မြင့်နတ်ဆိုးစစ်သည် ဒီလိုပဲ အသတ်ခံလိုက်ရတာကို မြင်တော့ ထိတ်လန့်သွားခဲ့ကြတယ်။

သူတို့တွေက နောက်ကို ခြေလှမ်းအနည်းငယ်စီ ဆုတ်မိလိုက်ပြီး ယန်ချီကို ကြောက်လန့်စွာနဲ့ ကြည့်နေခဲ့တယ်။

“လူသား မင်း ..  မင်းက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာ ကောင်းနေတာလဲ”

အဲ့ဒီ နတ်ဆိုးမိစ္ဆာတွေရဲ့ အမြင်မှာတော့ ယန်ချီက ဒီလောက်ကြီး ကြောက်စရာ မကောင်းသင့်ဘူးလေ။

“ငါက ကြောက်စရာ ကောင်းနေတာလား”

ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေကို မျက်လုံးမှေးကြည့်လိုက်ပြီး မထူးခြားသလို ပြောလိုက်တယ်။

ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေကတော့ ယန်ချီက ကြောက်စရာ ကောင်းလားလို့ အမှန်တကယ်မေးလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။

ယန်ချီက အဆင့်မြင့် နတ်ဆိုးစစ်သည်ကို ဘယ်လို တိုက်ခိုက်မှန်းတောင် သူတို့တွေ မမြင်လိုက်ပဲ သေဆုံးသွားခဲ့တယ်လေ။

ယန်ချီရဲ့ မျက်နှာ အမူအယာကတော့ အလွန်တည်ငြိမ်စွာနဲ့ သူ့အရှေ့က နတ်ဆိုးမိစ္ဆာ ရာချီကို ကြည့်ပြီး ပြောလိုက်တယ်။

“ငါက ကြောက်စရာ ကောင်းနေတယ်လို့ မင်းတို့ ထင်နေတာလား။ အဲ့ဒါဆိုရင် ဘယ်ဟာက ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာ ပြမယ်”

စကားသံ ဆုံးသွားတာနဲ့ ယန်ချီရဲ့ လက်ထဲမှာ ပြိုင်ဖက်ကင်းမှော်ဓါးတစ်ချောင်း ရောက်လာခဲ့တယ်။

မှော်ဓါးရဲ့ ဘယ်ညာမှာတော့ စိတ်ဝိဉာဉ်လက်နက် နှစ်ခု ဝန်းရံနေခဲ့တယ်။

ဒီမှော်ဓါးကတော့ ဓါးသွားတစ်ထောင် မှော်ဓါးပါ။

စိတ်ဝိဉာဉ်လက်နက်တွေကတော့ တိုက်ပွဲမီးတောက် ကျားနဲ့ တိမ်လွှာနဂါးဓါးတို့ ဖြစ်ပါတယ်။

ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေက ကြောက်မယ်ဖွယ်ကောင်းတဲ့ မှော်ဓါးနဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ကြည့်ပြီး သူတို့ရဲ့ နက်မှောင်နေတဲ့ မျက်နှာက ပိုပြီး ကြောက်လန့်တဲ့ အမူအယာတွေ ဖြစ်သွားခဲ့ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now