Ch 371 to 375

226 23 0
                                    


Chapter 371 - မင်းတို့တွေက အမှိုက်တွေလား ၊ နားထိုင်းတွေလား

ယန်ချီက ဘယ်ဖက်လက်မှာ ကောင်းကင်အဆင့် အဆင့် နိမ့် စိတ်ဝိဉာဉ်လက်နက် သွေးသံမဏိ အရိုးလှံကို ကိုင်ပြီး ညာဖက်လက်မှာ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တိမ်လွှာနဂါးဓါးကို ကိုင်ထားခဲ့တယ်။

ကြာဖြူဂိုဏ်းရဲ့ တပည့်တွေကြားထဲ ပြေးဝင်သွားတော့ ငရဲပြည်ကနေ ငရဲမင်းတက်လာသည့်အလား သူ သွားတဲ့ နေရာတိုင်းမှာ သွေးတွေ ဖြန်းခနဲ ဖြစ်သွားခဲ့တယ်။

“မဖြစ်နိုင်ဘူး။ ဒါက လုံးဝကို မဖြစ်နိုင်ဘူး”

ကြာဖြူဂိုဏ်းမဟာအကြီးအကဲက သူ့အရှေ့ က မြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်စွာနဲ့ အော်ဟစ်လိုက်မိတယ်။

“သူက စိတ်ဝိဉာဉ်ဆရာသခင်တစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိရတာလဲ”

ကြာဖြူဂိုဏ်း မဟာအကြီးအကဲရဲ့ အမြင်မှာတော့ ယန်ချီမှာ ဒီလောက် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအား မရှိသင့်ပါဘူး။

ကျန်နေသေးတဲ့ ကြာဖြူဂိုဏ်းသားတွေကလည်း ကြောက်လန့်ကုန်ကြပြီး သူတို့ရဲ့ မျက်နှာထက်မှာ ကြောက်လန့်မှုတွေ ကြီးစိုးနေခဲ့တယ်။

သူတို့တွေက ဘယ်လိုလုပ်ပြီး ယန်ချီကို တိုက်ခိုက်ရဲမှာလဲ။

မြေပြင်ပေါ်မှာ လဲပြိုကျနေတဲ့ ကြာဖြူဂိုဏ်းသားတွေလည်း ဘယ်လိုမှကို ပြန်မထနိုင်ကြပါဘူး။

ကြာဖြူဂိုဏ်းသား အများစုက တစ်ဦးထက်တစ်ဦး ပိုမြန်သည့်ထက်မြန်အောင် ထွက်ပြေးနေကြပြီး သူတို့ရဲ့ တစ်သက်တာမှာ အလျင်မြန်ဆုံး ပြေးလွှားနေကြတယ်။

ဒီအချိန်မှာတော့ ယန်ချီရဲ့ အရှေ့မှာ ကြာဖြူဂိုဏ်းရဲ့ အကြီးအကဲတွေ ကျန်နေပါသေးတယ်။

ကြာဖြူဂိုဏ်းအကြီးအကဲတွေရဲ့ မျက်နှာထက်မှာတော့ အလွန်တရာ ထိတ်လန့်တဲ့ အမူအယာတွေ ပေါ်လွင်နေခဲ့တယ်။

သူတို့ရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို အစွမ်းထက်လွန်းတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now