Ch 376 to 380

202 23 0
                                    


Chapter 376 - အတွေးလွန်ခြင်း

“ကံစမ်းမယ့် အခွင့်အရေးလား”

ယန်ချီတစ်ယောက် ဒီလို အခွင့်အရေးကို ရတဲ့အတွက် အံ့အားသင့်နေခဲ့တယ်။

ယန်ချီက ထပ်မံတွေးတောမနေတော့ပဲ ကံစမ်းမယ့် အခွင့်အရေးကို အသုံးပြုလိုက်တယ်။

သူ့စိတ်ထဲမှာ တော့ ညွှန်တံလေးက အဝိုင်းပြားလေးပေါ်မှာ လည်နေခဲ့တယ်။

စက္ကန့်အနည်းငယ် အကြာမှာတော့ ညွှန်တံလေး ရပ်သွားခဲ့တယ်။

“စိတ်ဝိဉာဉ်လက်နက် ဖမ်းဆီးတဲ့ ကျော့ကွင်း နှစ်ခု”

“စိတ်ဝိဉာဉ်လက်နက် ဖမ်းဆီးတဲ့ ကျော့ကွင်းလား”

ယန်ချီကတော့ ဒီလို စိတ်ဝိဉာဉ်လက်နက် ဖမ်းဆီးတဲ့ ကျော့ကွင်းကို တခါမှ မကြားဖူးပါဘူး။

သူက အသုံးပြုရမယ့် အညွှန်းကို ဖတ်ကြည့်လိုက်တယ်။

“စိတ်ဝိဉာဉ်လက်နက် ဖမ်းဆီးတဲ့ ကျော့ကွင်း. .  ဒီလက်နက်က စိတ်ဝိဉာဉ်ကုန်းမြေမှာ အဖိုးအတန်ဆုံး ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်မှာ စိတ်ဝိဉာဉ်လက်နက် ဖမ်းဆီးတဲ့ ကျော့ကွင်းတစ်ခုသာ ရှိမယ်ဆိုရင် သူတို့တွေက မည်သည့်အဆင့် ရှိတဲ့ စိတ်ဝိဉာဉ်လက်နက်ကိုမဆို ဖမ်းဆီးနိုင်ပါတယ်”

“ဟိုး ဟိုး .. .”

စိတ်ဝိဉာဉ်လက်နက် ဖမ်းဆီးတဲ့ ကျော့ကွင်းရဲ့ အသုံးပြုပုံကို သိရှိပြီးနောက် ယန်ချီတစ်ယောက် မှင်သက်သွားခဲ့တယ်။

ဒီလက်နက်က အလွန် အံ့သြဖို့ ကောင်းတာပဲ။

ဆိုလိုတာကတော့ ဒီ စိတ်ဝိဉာဉ်လက်နက် ဖမ်းဆီးတဲ့ ကျော့ကွင်း နှစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် သူသာ ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက် နှစ်ခုကို တွေ့ခဲ့မယ်ဆိုရင် သူတို့တွေကို ဖမ်းဆီးနိုင်တော့မှာပါ။

တကယ်တော့ ယန်ချီရဲ့ လက်ရှိ စွမ်းအားနဲ့ ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်ကို ဖမ်းဆီးဖို့က မဖြစ်နိုင်ပါဘူး။

သူ့အနေနဲ့ စိတ်ဝိဉာဉ်လက်နက်ကို ဖမ်းဆီးဖို့အတွက် ဂိုဏ်းခေါင်းဆောင်ကို မတောင်းဆိုချင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်က ရှာဖို့ ခက်ခဲတယ်လေ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now