Ch 391 to 395

211 24 1
                                    


Chapter 391- သေကံကြုံတဲ့ နတ်ဆိုးမိစ္ဆာ

ယန်ချီက ကောင်းကင်အဆင့် အလယ်အလတ် စိတ်ဝိဉာဉ်လက်နက် ဖြစ်တဲ့ ကျားအာဏာရှင်ဓါးရဲ့ တည်နေရာကို ကြည့်လိုက်တယ်။

သူ့စိတ်ထဲမှာ ကောင်းကင်အဆင့် အလယ်အလတ် စိတ်ဝိဉာဉ်လက်နက် ကျားအာဏာရှင်ဓါးရဲ့ တည်နေရာက သူ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်။

ချင်ရုရွယ်နဲ့ လိန်ပေါင်တို့နှစ်ယောက်လုံးက ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်တွေကို ရှာဖို့ ခက်ခဲမှန်း သိပါတယ်။ ဒီလို နက်ရှိုင်းတဲ့ မြောက်ဖက်ဘာရန်တောအုပ်ဆိုရင် ပိုပြီး ရှာရ ခက်ခဲပါတယ်။

ယန်ချီက စိတ်ဝိဉာဉ်လက်နက်ရဲ့တည်နေရာကို သိတယ်လို့ သူတို့ကို ပြောထားပေမယ့်လည်း သူတို့တွေက မယုံကြည်ကြပါဘူး။ စိတ်ဝိဉာဉ်လက်နက်ရဲ့ တည်နေရာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။

လမ်းတလျှောက်မှာ သူတို့တွေက စိတ်ဝိဉာဉ်လက်နက် အများအပြားနဲ့ တွေ့ဆုံခဲ့တယ်။ ဒါပေမယ့်လည်း စိတ်ဝိဉာဉ်လက်နက်တွေက အဆင့်မြင့်ကြပေမယ့် ယန်ချီတို့ အဖွဲ့က ပြစ်မှားလို့ မဖြစ်နိုင်တာကို သိတာကြောင့် တိုက်ခိုက်မှုတွေ မလုပ်ခဲ့ကြပါဘူး။

ဒါပေမယ့်လည်း သစ်ပင်တွေက ငြိမ်နေပေမယ့် လေက မတိုက်ခတ်တာ မဟုတ်ပါဘူး။

သူတို့တွေက စိတ်ဝိဉာဉ်လက်နက်ရဲ့ တည်နေရာနဲ့ ပိုပိုပြီး နီးလာတော့ နတ်ဆိုးမိစ္ဆာတွေနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်မိကြတယ်။

ဒီတစ်ကြိမ်မှာ နတ်ဆိုးမိစ္ဆာတွေက ဆယ်ကောင်ကျော်ပါတယ်။

ဒါပေမယ့်လည်း ဒီနတ်ဆိုးမိစ္ဆာတွေရဲ့ ခေါင်းဆောင်က အဆင့်မြင့် နတ်ဆိုးစစ်သူကြီးအဆင့်ပါ။

အဆင့်မြင့်နတ်ဆိုးစစ်သူကြီးက ယန်ချီ၊ ချင်ရုရွယ်နဲ့ လိန်ပေါင်တို့ကို အထင်သေးစွာ ကြည့်နေခဲ့တယ်။

“လူသားတွေ မင်းတို့တွေက မြောက်ဖက် ဘာရန်တောအုပ်ထဲကို ဝင်လာရဲတယ်ပေါ့။ မင်းတို့တွေက အသက်မရှင်ချင် တော့ဘူးလား”

သူတို့ရဲ့ အမြင်မှာတော့ ဒီလူသုံးယောက်ရဲ့ အသက်က ဒီလောကကနေ မကြာခင်မှာ ပျောက်ကွယ်သွားတော့မယ်လို့ မြင်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now