Ch 406 to 410

225 24 0
                                    


Chapter 406 - ဒါက အင်ပါယာရဲ့ တံဆိပ်ပြား

ယန်ချီက အခုအချိန်မှာ အင်ပါယာ မြို့တော်ကို သွားဦးမှာ မဟုတ်တဲ့အတွက် ဒီအကြောင်းကို သိပ်ပြီး စဉ်းစား မနေတော့ပါဘူး။ ဒါပေမယ့်လည်း သူ အင်ပါယာ မြို့တော်ကို သွားတဲ့အခါ ဆျှိုလုံမျှော်စင်မှာ ထိန်းချုပ်ခံထားရတဲ့ အစွမ်းထက် နဂါးစိတ်ဝိဉာဉ်လက်နက်က သူ့အတွက် ဖြစ်ရမယ်ဆိုပြီး တွေးမိလိုက်တယ်။

“အင်း ဒီအဖိုးကြီး ထွက်သွားတော့မယ်”

စကားသံဆုံးသွားတာနဲ့ ယန်ချီလည်းပြောချိန်မရချိန်မှာပဲ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ပျောက်ကွယ်သွားခဲ့တယ်။

အဖိုးအို ပျောက်ကွယ်သွားတာကို မြင်တော့ ချင်ရုရွယ်လည်း အံ့အားသင့်သွားခဲ့ပြီး အဖိုးအိုရဲ့ ပုံရိပ်ကို အလျင်အမြန် လိုက်ရှာလိုက်တယ်။

ဒါပေမယ့်လည်း သူမ မျက်စီကန်းနေတဲ့ လူတစ်ယောက်လို အဖိုးအို ဘယ်ပျောက်သွားမှန်း မသိခဲ့ပါဘူး။

“ချက်ချင်းကို ပျောက်ကွယ်သွားတာလား”

ချင်ရုရွယ်လည်း ဆက်ပြောမယ့် စကားတွေကို မြိုချလိုက်ပြီး တိတ်တဆိတ် ထိတ်လန့်နေမိတယ်။

“စီနီယာ အစ်ကိုကြီး အဲ့ဒီ အဖိုးအိုက ဘယ်သူလဲ”

ချင်ရုရွယ်က ဒီအဖိုးအိုက အလွန်အစွမ်းထက်သူ တစ်ယောက်မှန်း သိတာကြောင့် ယန်ချီကို မေးလိုက်တယ်။

“မင်း ငါပြောတာကို မယုံဘူးမှတ်လား” ယန်ချီက ချင်ရုရွယ်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “သူက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာပဲ”

“ဘာ .. ”

သူမက ဒီစကားကို ကြားလိုက်ရတော့ ချင်ရုရွယ်လည်း မဖြစ်နိုင်တာ တစ်ခုကို ကြားလိုက်ရသလို မျက်လုံးအစုံ ပြူးကျယ်ပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်မိလိုက်တယ်။

“သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလား”

ချင်ရုရွယ်လည်း ယန်ချီရဲ့ စကားကို မယုံ ကြည်နိုင် ဖြစ်နေခဲ့တယ်။ သူမရဲ့ မျက်နှာပေါ်က အံ့သြတုန်လှုပ်မှုတွေကို ဖော်ပြမယ့် စကားလုံး ရှာမတွေ့ခဲ့ပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now