Ch 416 to 420

225 26 0
                                    


Chapter 416 - အင်ပါယာ တံဆိပ်ပြား

မြေတိမ်တိုက်နယ်စားကြီး ဖန်တျန်ဟွာက ယန်ချီကို အေးစက်စက် ပြောလိုက်တယ်။

သူက မြေတိမ်တိုက်နယ်စားကြီး တစ်ယောက် ဖြစ်တာကြောင့် သူ့လို နယ်စားကြီးအရှေ့မှာ မည်သူ့ကိုမှ မမောက်မာခွင့် မပြုနိုင်ပါဘူး။

မြေတိမ်တိုက်နယ်စားကြီးတစ်ယောက်ဖြစ်တဲ့ သူ့အရှေ့မှာ မည်သူ့ကိုမှ ဝင့်ကြွားမောက်မာခွင့်မပြုနိုင်ပါဘူး။

ခန်းမထဲမှာ ရှိတဲ့ လူတိုင်းက နယ်စားကြီးစကားပြောတာကို မြင်တော့ သူတို့တွေက ယန်ချီကို ကြည့်လိုက်ကြပြီး နယ်စားကြီးနဲ့ ရင်ဆိုင်နေရတာတောင်မှ ယန်ချီက ဘာကြောင့် မောက်မာရဲတာလဲဆိုတာ သိချင်နေခဲ့ကြတယ်။

လူအများစုက ယန်ချီ မမောက်မာသင့်ဘူးလို့ တွေးလိုက်ကြတယ်။

ဘာပဲဖြစ်ဖြစ် သူက နယ်စားကြီးနဲ့ ရင်ဆိုင်နေရတာလေ။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့တွေသာ စိတ်ပျက်သွားကြတယ်။

ဘာကြောင့်လဲဆိုတော့ ယန်ချီက နယ်စားကြီးကို အမူမထားသလို မျက်နှာအမူအယာ ဘာမှ ပြောင်းလဲခြင်း မရှိတာကြောင့်ပါ။

“ဒါနဲ့ စကားမစပ် မင်းလို ပါရမီရှင်တစ်ယောက်က အစွမ်းထက်တဲ့ လူတွေအထက်မှာ သူ့ထက်ပိုပြီး အစွမ်းထက်တဲ့ သူတွေ ရှိပြီး တောင်တွေက တစ်တောင်ထက် တစ်တောင် မြင့်တာကို သိသင့်တယ်”

“တန်မျိုးနွယ်အကြီးအကဲက မင်းရဲ့ ပြိုင်ဖက်မဟုတ်ပေမယ့် ငါ မင်းကို တိုက်ခိုက်မယ်”

နယ်စားကြီး ဖန်တျန်ဟွာက ယန်ချီကို ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်။

“ဟုတ်တယ် ငါက မင်းပြိုင်ဖက် မဖြစ်နိုင်ဘူး”

ယန်ချီက အမှန်အတိုင်း ပြောလိုက်တယ်။

“အဲ့ဒါဆိုရင် မင်းက ငါ့အရှေ့မှာ ဒီလောက်မောက်မာရဲတာလဲ။ ငါ မင်းကို သတ်လိမ့်မယ်လို့ မင်း မစိုးရိမ်ဘူးလား”

“ဟား ဟား ”

ယန်ချီက ပြုံးလိုက်တယ်။

“မင်း ငါ့ကို သတ်လိုက်ရင် မြေတိမ်တိုက်နယ်တစ်ခုလုံး ငရဲပြည် ဖြစ်သွားမယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now