Ch 441 to 445

223 25 0
                                    


Chapter 441 - စိုးရိမ်ပူပန်နေသူ

“မင်း ငါ့ကို နှစ်သက် သဘောကျတာ ငါသိပါတယ်။ ဒါပေမယ့် ဘာမှ စိုးရိမ်စရာ မလိုပါဘူး”

ခဏလောက် စဉ်းစားလိုက်ပြီးနောက် ယန်ချီက ယီယုကို ပြောလိုက်တယ်။

ယီယုတစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး ယန်ချီက ဒီလို ပြောဆိုလိမ့်မယ်လို့ သူမ မမျှော်လင့်မိဘူးလေ။

“စီနီယာ အစ်ကိုကြီး ရှင် . . ရှင် ဘာပြောတာလဲ”

ယီယုက ယန်ချီကို တွေဝေစွာနဲ့ ငေးမောကြည့်ပြီး မေးလိုက်တယ်။

“မင်းငါ့ကို သဘောကျနေတာလေ။ အဲ့ဒါ မဟုတ်ဘူးလား”

ယန်ချီက မထီတရီ အမူအယာနဲ့ ပြောလိုက်တယ်။

ယီယုအနေနဲ့ အစောပိုင်းမှာ သူမ နားကြားမှားသလို  တွေးနေခဲ့ပေမယ့် အခုတော့ သူမ ကြားခဲ့တာ မှန်မှန်း သိသွားခဲ့တယ်။

ဒီအတွက် ယီယုရဲ့ မျက်နှာက ချက်ချင်း ရဲဗဒေါင်း ခတ်သွားခဲ့တယ်။

“ကောင်းပြီလေ ငါ့ကို မျှော်စင်ဆီ ခေါ်သွားတော့”

ယန်ချီက ပြောလိုက်တယ်။

ယီယုလည်း ဒီစကားကို ကြားတော့ လေမရှိတဲ့ ဘောလုံးလို ဖြစ်သွားခဲ့ရတယ်။

ယန်ချီကို ဆျှိုလုံမျှော်စင်အထဲ မဝင်ဖို့ တားဆီးမယ့်နည်းလမ်း မရှိတာကို သူမ သိပါတယ်။ ဆျှိုလုံမျှော်စင်က အင်ပါယာမြို့တော်မှာ အလွန်တရာကို နာမည်ကြီးတဲ့အတွက် သူမက အဲ့ဒီနေရာကို သိပါတယ်။

ဒီအတွက် ယီယုက ယန်ချီကို ဆျှိုလုံမျှော်စင်ဆီကို ခေါ်သွားခဲ့တယ်။

နောက်ဆုံးမှာတော့ ယီယုနဲ့ ယန်ချီတို့နှစ်ယောက် ဆျှိုလုံမျှော်စင်ကို ရောက်လာခဲ့တယ်။

ဆျှိုလုံမျှော်စင်က မီတာ ၁၀၀ မြင့်မားပြီး အလွန်တရာကို ထူးခြားခမ်းနားပါတယ်။

ဒီအချိန်မှာတော့ဆျှိုလုံမျှော်စင်အောက်မှာ လူတွေ များစွာ ရောက်ရှိနေကြတယ်။ ဒီထဲမှာ အများစုက သာမန်လူတွေဖြစ်ပြီး ကျန်တဲ့သူတွေက အဆင့်နိမ့် စိတ်ဝိဉာဉ်ပညာရှင်တွေပါ။ သူတို့တွေက တစ်စုံတစ်ခုကို ပြောဆိုဆွေးနွေးနေကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now