Ch 451 to 455

203 24 0
                                    


Chapter 451 - ငါတို့ ဘယ်လို သေမလဲ

ပြေးထွက်လာသော ရာချီတဲ့လူတွေကို ကြည့်ပြီး ယန်ချီနဲ့ ယီယုတို့ရဲ့ မျက်နှာက ဘာမှမပြောင်းလဲပါဘူး။

ဘာကြောင့်လဲဆိုတော့ ဒီလူတွေအများစုက သာမန်လူတွေ ဖြစ်ကြပြီး သူတို့ရဲ့ အမြင်မှာတော့ ပုရွတ်ဆိတ်တွေအလားပါပဲ။

ဒီလိုနဲ့ ရာချီတဲ့လူတွေက သူတို့အရှေ့ကို ရောက်လာခဲ့တယ်။

လက်ထဲက ဓါးတွေ ကိုယ်စီကိုင်ထားသော ရာချီတဲ့လူတွေက ယန်ချီနဲ့ ယီယုကို ကြည့်လိုက်တယ်။

ဘယ်သူကများ သူတို့ သွေးသန့်စင်ဂိုဏ်းကိုလာပြီး ပြဿနာ ရှာတာလဲပေါ့။

ဒီလိုအခြေအနေဆိုတာ သူတို့တွေ ပထမဆုံး ကြုံဖူးခြင်းပါ။

ရာချီသော သွေးသန့်စင်ဂိုဏ်းက လူတွေရဲ့ အမြင်မှာတော့ သူတို့ရဲ့ သွေးသန့်စင်ဂိုဏ်းကို လာစော်ကားတဲ့သူတွေက အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်တွေ ဖြစ်လိမ့်မယ်လို့ တွေးထားခဲ့တယ်။

ဒါပေမယ့် သူတို့တွေက ယန်ချီနဲ့ယီယုကို မြင်လိုက်ရတဲ့အခါ ဒီလူငယ်နှစ်ယောက်ကတော့ သူတို့လက်ကနေ အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်ကြောင်းကို သိလိုက်တယ်။

“လာပြီး ပြဿနာ ရှာတာ မင်းတို့လား”

ရုတ်တရက် လူအုပ်ထဲကနေ သက်လတ်ပိုင်းလူတစ်ဦးက ထွက်လာပြီးမေးလိုက်တယ်။

အဲ့ဒီ သက်လတ်ပိုင်းလူကို ကြည့်ရတာ အသက် ငါးဆယ်လောက်ရှိပြီး ခန္ဓာကိုယ် အသင့်အတင့်ရှိကာ သူ့မျက်နှာထက်မှာတော့ အေးစက်မှု အပြည့်နဲ့ ဖြစ်နေခဲ့တယ်။

“ငါတို့ သွေးသန့်စင်ဂိုဏ်းသားတွေကို သတ်လိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းတို့ တွေးမိလား”

သက်လတ်ပိုင်းလူက ဆက်မေးလိုက်တယ်။

ဒီသက်လတ်ပိုင်းလူက သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်ကလွဲပြီး အခြားသူ မဟုတ်ပါဘူး။

သူက အဆင့် ၄၉ မဟာစိတ်ဝိဉာဉ်ဘုရင်အဆင့်ဖြစ်ပြီး ဆက်နွယ်မှု လက်နက်က အဝါရောင်အဆင့် အလယ်အလတ် သွေးအလံပါ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now