Ch 461 to 465

209 18 0
                                    


Chapter 461 - မင်းရဲ့ မျက်လုံးကို မင်း မယုံဘူးလား

“မင်းရဲ့ အမြင်ကို တကယ် ယုံတာလား”

အလယ်အလတ် နတ်ဆိုးစစ်သူကြီးတစ်ယောက် အံ့အားသင့်သွားခဲ့တယ်။

အလယ်အလတ် နတ်ဆိုးစစ်သူကြီးက ဒီကိစ္စကို ခေါင်းမူးမတက် စဉ်းစားစဉ်းစား ယန်ချီရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ပါဘူး။

“လူသား မင်းက ဘာကို ဆိုလိုချင်တာလဲ”

အလယ်အလတ် နတ်ဆိုးစစ်သူကြီးက အသံနက်ကြီးနဲ့ မေးလိုက်တယ်။

“မင်းရဲ့ အမြင်က ဘယ်တော့မှာ အမြဲတမ်း မမှန်ကန်နိုင်ဘူးလေ”

ယန်ချီက အလယ်အလတ် နတ်ဆိုးစစ်သူကြီးကို ဖြေးညှင်းစွာ ပြောလိုက်တယ်။

အလယ်အလတ် နတ်ဆိုးစစ်သူကြီးက ယန်ချီရဲ့ စကားကြောင့် နှာခေါင်းရှုံ့လိုက်တယ်။

သူ့အနေနဲ့ ယန်ချီက ဒီမိန်းကလေးကို ကယ်တင်ဖို့အတွက် အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်အဖြစ် ဟန်ဆောင်ထားတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတာကြောင့် လှောင်ရယ်နေခြင်းပါ။

“လူသား ငါက ငါ့ရဲ့ မျက်စီကို မယုံရင် မင်းရဲ့ မျက်စိကို ယုံကြည်ရမှာလား”

အလယ်အလတ် နတ်ဆိုးစစ်သူကြီးက ယန်ချီကို အေးတိအေးစက် ပြောလိုက်တယ်။

အလယ်အလတ် နတ်ဆိုးစစ်သူကြီးရဲ့ စကားကို ကြားပြီးနောက် ယန်ချီတစ်ယောက် တိတ်တဆိတ် ခေါင်းခါမိလိုက်တယ်။

သူက မနီးမဝေးမှာ ရှိတဲ့ ကျောက်တုံးကြီးကို လှမ်းကြည့်လိုက်တယ်။

“မင်း ကျောက်တုံးကြီးကို မြင်လား”

“ငါက ဘာကြောင့် အဲ့ဒါကို ကြည့်ရမှာလဲ”

အလယ်အလတ် နတ်ဆိုးစစ်သူကြီး ရဲ့ အမြင်မှာတော့ ယန်ချီနဲ့ ယန်ရှင်ရွှယ်တို့နှစ်ယောက်က သေလူတွေ ဖြစ်နေကြပါပြီ။ ဘယ်လိုနည်းနဲ့မှ အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ယန်ချီက ဘယ် လိမ်ညာရမလဲဆိုတာကို စောင့်ကြည့်ရတာပေါ့။

မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်ကလည်း မနီးမဝေးမှာ ရှိတဲ့ ကျောက်တုံးကြီးကို ကြည့်လိုက်ကြတယ်။ သူတို့တွေက ယန်ချီတစ်ယောက် ဘယ်လို လှည့်ကွက်ကစားမလဲဆိုတာကို သိချင်နေကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now