Ch 471 to 475

236 18 0
                                    


Chapter 471 - လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး

ချင်ဂျွင်ရဲ့ အမြင်မှာတော့ အင်ပါယာမြို့တော်မှာ ဆိုရင် သူ့မိန်းမတွေအရှေ့မှာ ပိတ်ရပ်ရဲတာ တကယ်ကို လူအနည်းငယ်ပဲ ရှိပါတယ်။

သူက ဒီလိုမျိုး သူ့မိန်းမတွေအရှေ့မှာ ပိတ်ရဲရပ်သူကို မြင်ချင်နေခဲ့တယ်။

ဒါပေမယ့်လည်း သူက ယန်ချီကို မြင်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးတုန်ယင်သွားခဲ့ပြီး အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့တယ်။

ဒီအချိန်မှာတော့ ချင်ဂျွင်က တခါမှ မမြင်ဖူးတဲ့လူတစ်ယောက်ကို မြင်လိုက်ရသလို သူ့မျက်လုံးအစုံက အစွမ်းကုန် ပြူးကျယ်နေခဲ့တယ်။

“မင်း မင်း မင်း . . .”

ချင်ဂျွင်က တုန်လှုပ်နေခဲ့ပြီး စကားကိုတောင် ဆုံးအောင် မပြောနိုင်ခဲ့ပါဘူး။

သိပ်မကြာခင်မှာပဲ သူက အင်ပါယာနန်းတော်အပြင်ဖက်မှာ ယန်ချီရဲ့ သင်ခန်းစာပေးချင်ကို ခံခဲ့ရပြီး အခုသူက ယန်ချီကို ထပ်ပြီး ပစ်မှားမိပါပြီ။

သူက ယန်ချီရဲ့ အစွမ်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးပါတယ်။

မိန်းကလေးနှစ်ယောက်နဲ့ လူအများကတော့ ချင်ဂျွင်ရဲ့ မျက်နှာပေါ်က အမူအယာကို ကြည့်ပြီး အနည်းငယ် နားမလည်နိုင်ဖြစ်နေခဲ့တယ်။

သူတို့တွေ ဘယ်လိုစဉ်းစားစဉ်းစား ချင်ဂျွင်ရဲ့ မျက်နှာပေါ်မှာ ကြောက်လန့်တဲ့ အမူအယာ ရှိနေလိမ့်မယ်လို့ သူတို့တွေ မစဉ်းစားမိပါဘူး။

“အစ်ကို ချင်ဂျွင် မင်း ဘာဖြစ်နေတာလဲ”

မိန်းကလေးနှစ်ယောက်က ချင်ဂျွင်ကို မေးလိုက်တယ်။

လူအများကလည်း ချင်ဂျွင်ကို ကြည့်လိုက်ပြီး ချင်ဂျွင်ရဲ့ မျက်နှာမှာ ဒီလို အမူအယာဘာကြောင့် ရှိနေလဲဆိုတာ သူတို့တွေ နားမလည်ခဲ့ကြပါဘူး။

“ဖြောင်း”

ဒါပေမယ့် မကြာခင်မှာပဲ မိန်းကလေးနှစ်ယောက်ရဲ့ ပါးပြင်ပေါ်ရှင်းလင်းတဲ့ ပါးရိုက်ချက်ကို လူအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now