Ch 481 to 485

206 17 0
                                    


Chapter 481 - အဆင့် ၆၁ စိတ်ဝိဉာဉ်အရှင်သခင်အဖြစ် တက်လှမ်းခြင်း

ချင်မျိုးနွယ် စံအိမ်ထဲမှာတော့ လူငယ်တွေသာမက အားလုံးက သူတို့နဲ့ ယန်ချီတို့ကြားက ကွာဟချက်က ဘာကြောင့် ကြီးမားလဲဆိုတာ ခံစားမိလိုက်ကြတယ်။

ဒီလို ဓါးဆွဲထုတ်မှုက သူတို့တသက်တာမှာ တခါမှ မမြင်ဖူးပါဘူး။

ယန်ချီက သူ့အနေနဲ့ အရင်ကထက်ပိုပြီး အစွမ်းထက်လာတယ်လို့ ခံစားမိတာကြောင့် ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်တယ်။

သူ့ရဲ့ ကျင့်စဉ်အဆင့်ကို စစ်ဆေးကြည့်တော့ အဆင့် ၅၇ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်ကို တက်လှမ်းသွားကြောင့် သိလိုက်တယ်။

ဒါပေမယ့် သူက အဆင့် ၅၇ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်နဲ့ လုံလောက်မှု မရှိသေးတာ သိပါတယ်။

သူ့ရဲ့ အနည်းဆုံး အဆင့်က အဆင့် ၆၁ လောက် ရှိမှ ဖြစ်မှာပါ။

ချက်ချင်းပင် သူက သူ့ဓါးကို ပြန်ဆွဲထုတ်လိုက်တယ်။

ချင်မျိုးနွယ်ခေါင်းဆောင် ချင်ကျန်နဲ့ အကြီးအကဲတွေ၊ လူငယ်တွေကတော့ ယန်ချီတစ်ယောက် ဓါးဆွဲထုတ်တာ ရပ်တန့်လိုက်ပြီးလို့ တွေးလိုက်ပေမယ့်လည်း ယန်ချီက ဓါးကို နောက်တစ်ကြိမ် ပြန်ဆွဲထုတ်လိမ့်မယ်လို့ မထင်ထားမိပါဘူး။

“ယန်ချီက တကယ်ကို လုံ့လ ရှိလွန်းတာပဲ”

“သူ့ကို တကယ်ကြိုးစားလွန်းတယ်လို့ ပြောရင် မှားမယ် မထင်ဘူး။ သူက ဒီလောကမှာ လုံ့လအရှိဆုံးလူပဲ”

“အင်း ဟုတ်တယ်။ ဒါကြောင့် အလွန် အစွမ်းထက်တာနေမှာ”

ချင်မျိုးနွယ် မျိုးဆက်သစ်တွေကတော့ ဒီအကြောင်းကို ပြောဆိုဆွေးနွေးနေကြတယ်။

ယန်ချီက အိပ်စက်အနားယူခြင်းစားသောက်ခြင်းကိုတောင် မပြုလုပ်ပဲ အရူးအမူး ဓါးကိုဆွဲထုတ်နေခဲ့တယ်။

သူ ဘယ်လောက်ကြာအောင် ဆွဲထုတ်နေလဲ မသိတော့ပါဘူး။

သာလွန်ကောင်းကင်အဆင့် ပဉ္စမအဆင့်ဓါးအကြိမ် ဆယ်သန်း ဆွဲထုတ်ဖို့အတွက် နောက်ဆုံးမှာ ငါးသန်းအထိ ရောက်ရှိခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now