Ch 491 to 495

208 19 0
                                    


Chapter 491- အစွမ်းထက်တာ မဖြစ်နိုင်ဘူး

အဆင့်ခြောက်နတ်ဆိုးသားရဲ မြွေဘုရင်ကြီး ပြောချင်တဲ့ ဆိုလိုရင်းကတော့ နားလည်ဖို့ မခက်ပါဘူး။

ယန်ချီနဲ့ ယွဲ့ချင်းဂဲတို့နှစ်ယောက်ကလည်း မြွေဘုရင်ကြီး ပြောချင်တာကို နားလည်ပါတယ်။

“ထူးခြားတဲ့ နတ်ဆိုးသားရဲ စောင့်ရှောက်နေတော့ရော ဘာဖြစ်လဲ”

ယန်ချီက အဆင့်ခြောက်နတ်ဆိုးသားရဲ မြွေဘုရင်ကြီးကို ကြည့်ပြီး မေးလိုက်တယ်။

အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးက ယန်ချီရဲ့ အမေးကြောင့် ပြုံးလိုက်တယ်။

“လူသား ကြည့်ရတာ မင်းက မင်းရဲ့ ကံကြမ္မာကို ကောင်းကောင်း နားမလည်သေပုံပဲ”

အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးရဲ့ အမြင်မှာတော့ ယန်ချီနဲ့ ယွဲ့ချင်းဂဲတို့နှစ်ယောက်က အသက်ရှင် လွှတ်မြောက်ဖို့  မဖြစ်နိုင်တော့ပါဘူး။

“င့ါ ကံကြမ္မာလား”

ယန်ချီက ပြုံးလိုက်ပြီးနောက် ဆက်ပြောလိုက်တယ်။ “ဒါဆိုရင် ပြောပါဦး။ ငါက ဘာဆက်ဖြစ်မှာလဲ”

အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးက ပြုံးလိုက်တယ်။ ယန်ချီက သေတော့မယ့်အချိန်မှာတော့ ဒီလိုစကားမျိုး မေးရဲသေးတဲ့အတွက် သဘောကျသွားခဲ့တယ်။

“မင်းရဲ့ အဆုံးသတ်ကတော့ ငါရဲ့ မြိုချခြင်းကို ခံရမှာပဲ”

အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးက ယန်ချီကို အထင်သေးစွာနဲ့ လှောင်ပြောင်ပြောဆိုလိုက်တယ်။

ယန်ချီက အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးရဲ့ စကားကို ကြားပြီးနောက် နှာခေါင်းရှုံ့လိုက်တယ်။

သူ့ရဲ့ လက်ကတော့ နောက်ကျောမှာ လွယ်ထားတဲ့ ဓါးလက်ကိုင်ရိုးပေါ်ရောက်သွားခဲ့တယ်။

“ဝှစ်”

ဓါးအလင်း ဖျတ်ခနဲ့ လက်သွားခဲ့ပြီး ဓါးအိမ်ထဲကနေ အေးစက်စက် ဓါးတစ်ချောင်း ထွက်ပေါ်လာခဲ့တယ်။

“ဓါးဆွဲထုတ်မှတ် + ၃၀”

ယန်ချီက နောက်ကျောမှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင် မှော်ဓါးကို ဆွဲထုတ်လိုက်တဲ့အခါ စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now