Ch 501 to 505

200 20 0
                                    


Chapter 501- ဝမ်မျိုးနွယ် စံအိမ်

စားသောက်ဆိုင်ထဲမှာ လူတွေက ယန်ချီကို ကြည့်လိုက်ကြတယ်။

အခုဆိုရင် ယန်ချီက ကြောက်ရွံ့သင့်ပြီလို့ သူတို့တွေ ထင်လိုက်မိကြတယ်။

ဒါပေမယ့်လည်း သူတို့တွေ ဘယ်လို တွေးတောပါစေ ယန်ချီရဲ့ မျက်နှာပြောင်းလဲခြင်းမရှိတာကိုတော့ မမျှော်လင့်မိပါဘူး။

“ဒီလူက သေမှာကိုတောင် မကြောက်ဖူးလား”

“မင်း . . မင်း . .”

စိတ်ဝိဉာဉ်ဆရာသခင်အဆင့် အနေနဲ့ ယန်ချီမှာ ဒီလိုမျိုး အမူအယာ ရှိမှာကို မမျှော်လင့်မိတဲ့အတွက် သူလည်း ခဏတော့ တုန့်ဆိုင်းသွားခဲ့တယ်။

“ငါတိုကိုသတ်မှာလား”

ယန်ချီက ပြုံးပြီး ပြောလိုက်ပြီးနောက် မေးလိုက်တယ်။ “မင်းရဲ့ လက်ထဲက လက်နက်နဲ့ သတ်မှာလား”

“ဟုတ်တယ်”

စိတ်ဝိဉာဉ်ဆရာသခင်အဆင့် က အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ်။ ရှီးချန်မြို့မှာ ဝမ်မျိုးနွယ် အဖွဲ့ဝင်တစ်ယောက် ဖြစ်နေတဲ့ သူ့အနေနဲ့ ဒီလို လူနှစ်ယောက်ကို သတ်ဖို့က အလွန် လွယ်ကူပါတယ်။

“မင်းရဲ့ လက်ထဲက လက်နက်က ဘာလဲ”

“လေးပြင်းဓါး”

စိတ်ဝိဉာဉ်ဆရာသခင်အဆ့င့်က ယန်ချီက အေးစက်စက် ပြောလိုက်တယ်။

“အိုး . .” ယန်ချီက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “အဲ့ဒါဆိုရင် မင်းရဲ့ လက်ထဲက လေးပြင်းဓါးနဲ့ ငါ့ကို တိုက်ခိုက်မလို့လား”

ဒီစကားသံဆုံးသွားတဲ့အခါ ယန်ချီက စိတ်ဝိဉာဉ်ဆရာသခင် အဆင့်ဆီကို လက်ညိုးညွှန်ပြီး ကွေးပြလိုက်တယ်။

ဒီအမူအယာကြောင့် စိတ်ဝိဉာဉ်ဆရာသခင်အဆင့်က ဒေါသ အကြီးအကျယ် ထွက်သွားခဲ့တယ်။

“ငါ မလုပ်ရဲဘူးလို့ မင်း ထင်နေတာလား”

အဲ့ဒီလို ပြောလိုက်ပြီးနောက် စိတ်ဝိဉာဉ်ဆရာသခင်အဆင့် လက်ထဲက ဆက်နွယ်မှု လက်နက်ကို မြောက်လိုက်ပြီး ယန်ချီရဲ့ဦးခေါင်းကို ခုတ်ပိုင်းလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now