Ch 511 to 515

194 21 0
                                    


Chapter 511 - အဆိပ်ဖားပြုပ်

ယန်ချီရဲ့ စကားကို  ကြားပြီးနောက် ဝမ်ချန်ချင်တစ်ယောက် သက်ပြင်းချလိုက်မိတယ်။

ဟုတ်ပါတယ်။ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ရှိနေမှတော့ ဘာကို ကြောက်နေရဦးမှာလဲ။

ချက်ချင်းပင် သူတို့တွေက ဆက်လျှောက်သွားကြတယ်။

သိပ်မကြာခင်မှာပဲ သူတို့တွေက တောင်ထိပ်တစ်ခုပေါ်က စမ်းချောင်းဆီကို ရောက်လာခဲ့တယ်။

အဲ့ဒီစမ်းချောင်းက အလွန်အေးမြပြီး ကြောက်မက်ဖွယ်ကောင်းမည့်ပုံပါပဲ။

“ဒီနေရာမှာတော့ မည်သည့် အစွမ်းထက် နတ်ဆိုးသားရဲတွေ မရှိဘူးမှတ်လား”

ဝမ်ချန်ချင်လည်း အနည်းငယ် ထိတ်လန့်တဲ့ အသံနဲ့ ပြောလိုက်မိတယ်။

တကယ်တော့ သူက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလို့ မယုံကြည်ပါဘူး။ ကောင်းကင်ကြယ်အင်ပါယာက လူတိုင်းကလည်း သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာသေဆုံးသွားပြီလို့ သိထားကြပါတယ်။

ယန်ချီဘေးမှာ ရှိနေတဲ့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက မည်သည့်စွမ်းအားကိုမှမပြသတော့ သူက ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ ယုံကြည်နိုင်မှာလဲ။

ဒီအချိန်မှာတော့ ယန်ချီက စိတ်ထဲမှာ ရှိတဲ့ တည်နေရာနဲ့ နီးကပ်လာပြီလို့ ခံစားနေခဲ့ရတယ်။

ယန်ချီက သိပ်မကြာခင်မှာပဲ ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ ဒုတိယအစိတ်အပိုင်းကို ရှာတွေ့တော့မယ်ဆိုပြီး တွေးနေခဲ့တယ်။

ဒီအတွက် သူ့မျက်နှာထက်မှာ စိတ်လှုပ်ရှားတဲ့ အမူအယာ ပေါ်လာခဲ့တယ်။

ဒါပေမယ့် ဝမ်ချန်ချင် စိုးရိမ်တဲ့အတိုင်း ဖြစ်လာခဲ့ပြီ။

ဝမ်ချန်ချင်က ဒီစမ်းချောင်းမှာ မည်သည့်အစွမ်းထက် နတ်ဆိုးသားရဲ မရှိကြောင်းကို ပြောဆိုနေချိန်မှာပဲ သူတို့အရှေ့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖားပြုပ်တစ်ကောင် ထွက်ပေါ်လာခဲ့တယ်။

ဒီဖားပြုပ်က သုံးမီတာလောက်မြင့်မားပြီး ကြည့်ရတာ ထိတ်လန့်ဖွယ်ကောင်းမယ့် အသွင်ပါပဲ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now