Ch 526 to 530

170 17 0
                                    


Chapter 526 - ယန်ဟီမြစ်ကို ဖြတ်ကူးခြင်း

ယန်ချီက မြစ်ထဲ လေ့လာကြည့်လိုက်တော့ နတ်ဆိုးသားရဲအချို့ကို မြင်လိုက်ရတယ်။

နတ်ဆိုးသားရဲတွေရဲ့ ပုံစံက တရုတ်မိကျောင်းတွေနဲ့ ဆင်နေခဲ့ပြီး အရောင်က အနီရောင်ဖြစ်ကာ မြင်ရတာနဲ့ ကြောက်မက်ဖွယ် ကောင်းနေခဲ့တယ်။

ဒီမြင်ကွင်းကို မြင်တော့ ယန်ချီတစ်ယောက် နားလည်သွားခဲ့တယ်။

မိုရုံက သူ့ကို အဆင့်သုံးဆင့် ဖြတ်ကျော်ခိုင်းတာ အံ့သြစရာ မဟုတ်ပါဘူး။

ဒုတိယအဆင့် ယန်ဟီမြစ်က သာမန် စိတ်ဝိဉာဉ်ပညာရှင်တွေ ဖြတ်ကျော်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

ဒီလို ဒုတိယအဆင့်ဆိုရင် ဒီလောက်ခက်ခဲမယ်ဆိုရင် တတိယအဆင့်ဆို ပိုပြီး ခက်ခဲမှန်း သိနိုင်ပါတယ်။

မိုရုံအနေနဲ့ ယန်ချီစွမ်းအားကို မေ့လျော့နေတာ အနည်းငယ် သနားဖို့ ကောင်းနေခဲ့တယ်။

“ယန်ချီ မြစ်ထဲက ကျောက်မိကျောင်း ဆယ်ကောင်ကို သတ်နိုင်မယ်ဆိုရင် ဒုတိယအဆင့် အောင်ပြီ”

မိုရုံက ယန်ချီကို ပြောလိုက်တယ်။

မိုရုံရဲ့ စကားကို ကြားတော့ ယန်ချီတစ်ယောက် အံ့အားသင့်သွားခဲ့တယ်။

“မြစ်ထဲ ဆင်းရမှာလား”

ဒီမြစ်က တကယ်ကို ကျောက်ရည်ပူမြစ်လေသူ့ကို မြစ်ထဲ ဆင်းသေခိုင်းတာလား။

ယန်ချီရဲ့ အံ့အားသင့်နေတဲ့ မျက်နှာကို ကြည့်ပြီး မိုရုံရဲ့ မျက်နှာထက်မှာ လှောင်ပြောင်မှုတွေ ပေါ်လာခဲ့တယ်။

“လက်လျော့လိုက်ပါ။ အောင်မြင်ဖို့ မဖြစ်နိုင်ဘူး”

မိုရုံက ပြောလိုက်တယ်။

ယန်ချီသာ အရှုံးပေးမယ်ဆိုရင် ယန်ချီအနေနဲ့ အင်ပါယာမြို့တော်ကို စိတ်ပျက်ကာ ပြန်သွားရလိမ့်မယ်လို့ သူမ တွေးနေခဲ့မိတယ်။

သူမအနေနဲ့ ယန်ချီက အလွန်တရာ အစွမ်းထက်တဲ့ ပါရမီရှင်ဖြစ်နေပေမယ့် ကျားသစ်နဂါးမြင်းတပ်မှူး ဖြစ်ဖို့ မသင့်လျော်ဘူးလို့ ယုံကြည်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now