Ch 531 to 535

187 17 0
                                    


Chapter 531 - မူလနတ်ဆိုးအရှင်သခင်နဲ့ အပေါင်းအပါများ

ရုတ်တရက် ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို ကိုင်ပြီး မြေပြင်ကနေ ခုန်တက်လိုက်တယ်။

သစ်ပင်ပေါ်က လူသားမျက်နှာအနေနဲ့ ဒီအချိန်မှာ ယန်ချီရဲ့ လျင်မြန်မှုကြောင့် လက်တုန့်ပြန်မှု နောက်ကျနေခဲ့တယ်။

ယန်ချီက လူသားမျက်နှာအရှေ့ကို ရောက်လာခဲ့တယ်။

“လူသား . ..”

လူသားမျက်နှာကြီးက အထိတ်တလန့် အော်သစ်လိုက်တဲ့ အချိန်မှာပဲ ယန်ချီရဲ့ လက်ထဲမှာ ရှိနေတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးက လူသားမျက်နှာကြီးဆီကို ရောက်လာခဲ့တယ်။

ဓါးရဲ့ အလျင်က အလွန်တရာကို မြန်ဆန်နေခဲ့တယ်။ ဒီအတွက် မျက်နှာကြီးက လုံးဝကို ထိတ်လန့်သွားခဲ့တယ်။

ဓါးသွားတစ်ထောင်မှော်ဓါးက  သစ်ပင်ပေါ်မှာ ရှိနေတဲ့ လူသားမျက်နှာကြီးကို ထိုးမိတော့မယ်ဆိုတာ သံသယ ဝင်စရာ မလိုပါဘူး။

“ဝေါင်း”

လူသားမျက်နှာကြီးဆီကနေ ကောင်းကင်တုန်လှုပ်လောက်တဲ့ ခြောက်ခြားဖွယ်အော်မြည်သံကြီး ထွက်ပေါ်လာခဲ့တယ်။

ဒီအော်မြည်သံကြီးက တစ္ဆေတောအုပ်ထဲကို ရေလှိုင်းသဖွယ် တလိမ့်လိမ့် ပျံနှံ့သွားခဲ့တယ်။

ဓါးသွားတစ်ထောင်မှော်ဓါးကတော့ လူသားမျက်နှာကြီးကို ဖောက်ထွင်းသွားရုံမက သစ်ပင်ကြီးကိုပါ ထွင်းဖောက်သွားခဲ့တယ်။

ယန်ချီက ဓါးသွာတစ်ထောင်မှော်ဓါးကို ကိုင်ပြီး အောက်ကို ပိုင်းချလိုက်တယ်။

သစ်ပင်ကြီးက မြေပြင်အထိ ဟက်တပ်ကွဲသွားခဲ့တယ်။

နောက်ဆုံးမှာတော့ သစ်ပင်ကြီးက နှစ်ခြမ်းကွဲသွားခဲ့ရတယ်။

ပြီးတော့ ဟင်းလင်းပြင်ကြေးမုံဘုရင်တတိယ အစိတ်အပိုင်းက ယန်ချီရဲ့ အရှေ့မှာ ပေါ်လာခဲ့တယ်။

ဟင်းလင်းပြင်ကြေးမုံဘုရင် တတိယအစိတ်အပိုင်းကို ကြည့်ပြီး ယန်ချီရဲ့ မျက်နှာထက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now