87.2

11.5K 2K 42
                                    

Unicode

လော့လင်းရှန်းက သူ့လက်ထောက်ကို အရင်ထွက်သွားဖို့ မျက်ရိပ်မျက်ခြေပြလိုက်ပြီး သူ့ချစ်သူ နားရွက်လေးကို ကိုက်ရန် အနားကိုတိုးလာတော့သည်- "ခြေထောက်တွေ စကောင်းကောင်းခြင်း အရမ်းမလှုပ်ရှားဖို့ ဒေါက်တာဘန့်စ်က ပြောထားတယ်။ အဲ့တော့ နေ့ခင်းဘက်အလုပ်လုပ်တဲ့ အချိန်တွေဆို ဝှီးချဲလ်သုံးဖို့ ကိုယ်စဉ်းစားထားတာ"

ဒီလိုပြောလာမှတော့ သူ့ဆိုလိုရင်းကို ရှီယွင်နန် နားမလည်ဘဲ နေပါ့မလား?

သူ့မျက်နှာပေါ်တွင် အပူငွေ့များ ထွက်လာသလို ခံစားလိုက်ရပြီး အမြန် နှင်ထုတ်လိုက်တော့သည်။ "ဟုတ်ပါပြီ ကျွန်တော်တို့ နှစ်ယောက်လုံး နေ့ခင်းဘက်ဆို အလုပ်များကြတယ်လေ။ မြန်မြန်သွားတော့၊ ချင်ကျန်းတို့ကို အကြာကြီး မစောင့်ခိုင်းနဲ့"

"မင်းကိုယ့်ကို ပြန်မဖြေသေးဘူးလေ၊ ဒီည..."

"မရဘူး!"

ရှီယွင်နန် ငြင်းဆိုလိုက်ပေမယ့်လည်း သူ့ရင်ထဲမှာတော့ တလှပ်လှပ် ခုန်နေလေပြီ။

လော့လင်းရှန်းကတော့ ဘာမှ မပြောဘဲ ရယ်သာရယ်နေ၏။

ထို့နောက် သူက စားပွဲပေါ် လက်ထောက်လိုက်ပြီး ဖြည်းဖြည်းချင်းထကာ-

"ဒါဆို ကိုယ် သွားတော့မယ်နော်"

ရှီယွင်နန် ခေါင်းညိတ်ကာ ပြန်တုံ့ပြန်လိုက်သည်။

သူ့ချစ်သူထံမှ အဖြေရသွားသည့် လော့လင်းရှန်းတစ်ယောက် ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးချိန် သူ့အား တားလာသည့် အသံလေးကို ကြားလိုက်ရ၏။

ရှီယွင်နန် ထိုင်ခုံမှ ထကာ လော့လင်းရှန်းအနား လှမ်းသွားလိုက်သည်။

အမှန်တော့၊ သူတို့နှစ်ယောက်၏ အရပ်ကွာခြားချက်က ခြောက်စင်တီမီတာ၊ ခုနစ်စင်တီမီတာလောက်သာရှိပေမယ့်လည်း ခန္ဓာကိုယ်ချင်း ယှဉ်ကြည့်ရင်တော့ တော်တော်ကွာခြားနေသလိုပင်။

အရပ်ထပ်မရှည်နိုင်တော့တဲ့ ရှီယွင်နန်မှာ သက်ပြင်းချလိုက်ပြီး တောင်းဆိုလိုက်တော့သည်။ "လော့လင်းရှန်း ခေါင်းနည်းနည်း ငုံ့"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now