27

9.2K 773 131
                                    

unicode version

တစ်လဆိုတဲ့အချိန်ဟာ မျက်စိတစ်မှိတ် အတွင်းမှာဘဲ
ကုန်သွားခဲ့တယ်။ ထိုတစ်လအတွင်း ဝမ်ရိပေါ်နဲ့သူနဲ့
အခြေအနေက ကြောင်နဲ့ကြွက်လိုဘဲ ဆိုပေ​မဲ့
လက်ရဲဇက်ရဲ ရှိတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်
ဒုတိယအကြိမ် အချစ်ကိုခံစားတက်လာတယ် ထင်တယ်။

ပထမအကြိမ်ကတော့ အတိတ်မမေ့ခင်က ရှောင်းကျန့်
ခံစားတက်ခဲ့ပြီးပြီးလို့ထင်တယ်။ ဒါပေမဲ့ နှစ်ကြိမ်စလုံးဟာ
အမြင်ကပ်စရာ ကောင်းလောက်အောင် တစ်ယောက်ထဲ
ဖြစ်နေခဲ့တယ်လေ။ ဒါမှမဟုတ် အရင်ကတည်းက
သူ့နှလုံးသားက ဝမ်ရိပေါ် တစ်ယောက်ထဲအတွက်
ခုန်နေတာများလား။

ဟွန့် အမြင်ကပ်စရာကောင်းလိုက်တာနော်။

ဒီတစ်လအတွင်းလည်း ထိုအမြင်ကပ်စရာ
ယောကျ်ားက သူ့တစ်ကိုယ်လုံးကို ရရင်ရသလို
အသားယူထိကိုင်နေခဲ့တယ်လေ။

တစ်ခါတစ်လေ သူဟင်းချက်နေတုန်း တိတ်တိတ်လေးဝင်လာပြီး နောက်ကနေ ခါးကိုလာဖက်တာမျိုး။ အတင်းရုန်းရင် သူ့လည်ပင်သားလေးနဲ့ နားရွက်ဖျားလေးကို
လျှစ်ခနဲနမ်းပြီး သူမအော်ခင်ပြေးထွက်
သွားတာမျိုး။ သူအိပ်နေရင် ကုတင်ပေါ်တင်လာပြီး
သူ့နှုတ်ခမ်းတွေကို လာခိုးနမ်းတာမျိုး။
သူ့ကိုယ်သူ ယောကျ်ားလို့သုံးနှုန်းပြီး မထိတထိလာစတာမျိုး။
ပန်းကန်းတွေဆေးပေးမယ် ပါးကိုနှစ်ခါနမ်းလို့
လာစတာမျိုး။ ရေချိုးနေရင်း တံပတ်ကျန်ခဲ့လို့
ဆိုပြီး သူ့ရှေ့တင် ကိုယ်လုံးတီးနဲ့ ထွက်လာတာမျိုး။
ညအိပ်နေတုန်း သူ့တင်ပါးကိုလာခိုးကိုင်တက်တာမျိုး။
လက်ကိုဆွဲယူပြီး သူ့ဘောင်ဘီထဲခိုးထည့်တက်တာမျိုး။
အရမ်းကြမ်းတဲ့ ဖိုက်တင်ကားကြည့်မယ်ဆိုပြီး
ယောကျ်ားနှစ်ယောက် ချစ်ရည်လူးနေနဲ ကားတွေလာပြတာမျိုး။ ထိုကားတွေကြည့်ပြီးရင်လည်း
မျက်နှာငယ်နဲ့ ကျွန်တော် မရတော့ဘူး ဆိုပြီး လာပြောတက်တာမျိုး။ သူငြင်းလိုက်လို့ အိမ်သာထဲသွားပြီး
သူ့နာမည်ကို အကျယ်ကြီး ညည်းကာ သူ့မကြားကြားအောင်
လုပ်တာမျိုး။

ထိုသို့ အမျိုးစုံကြိုးခုန်တက်နေတဲ့ ကောင်လေးကြောင့်
ရှောင်းကျန့် အဆဲတွေတိုးတက်လာခဲ့သလို
ရင်တွေခုန်ပြီး ချစ်လည်းချစ်တက်လာခဲ့သည်။

My very bad husband  belong to meWhere stories live. Discover now