88.1

11.2K 1.9K 10
                                    

Unicode

ရှီယွင်နန်တစ်ယောက်ကတော့ ကားပါကင်သို့ ပြန်လာချိန်ထိ မျက်နှာထားမှာ တင်မာနေဆဲဖြစ်၏။

ဝမ်ရိပေမှာ သူ့ညီလေး ဘာတွေတွေးနေမှန်း မသိတာကြောင့် သူ့ညီလေး၏ မျက်မှောင်ကြုတ်နေသော မျက်ခုံးလေးကာ ထိကာ ပြောလိုက်သည်။

"သေသွားတဲ့ လူကြောင့် စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့ကွာ"

"ဒီတိုင်း ရယ်ရလို့ပါ၊ ဒီနှစ်တွေအတွင်း သူတို့ ကျွန်တော့ကို တချက်လေးတောင် ဂရုစိုက်ဖူးလို့လား?  အခုတော့ သူတို့က တစ်ယောက်ပြီးတစ်ယောက်  ကောနဲ့ ကျွန်တော်ရှေ့မှာ နောင်တရတယ်ဆိုတဲ့ အကြောင်းတွေ လာပြောနေတယ်။ အပြစ်ရှိသလို ခံစားရတယ်တဲ့လား? ဒါဆိုလည်း လွန်ခဲ့တဲ့ နှစ်၂၀ကတည်းက ကောင်းပေးပါလား?"

"အခုကြတော့ ဒီသေတမ်းစာ ဒီငွေလောက်လေးနဲ့ သူတို့က ကျွန်တော်တို့ကို ရှီမိသားစုနဲ့ ထပ်ပတ်သတ်စေချင်နေကြတာလေ"

ရှီယွင်နန် သရော်လိုက်ပြီး  မကျေမနပ် မညည်းညူဘဲ မနေနိုင်တော့။ "ရှစ်ဘဝမှာ ဒီရှီ မျိုရိုးနာမည်နဲ့နေရတာ တကယ့်ကို ကံဆိုးတာပဲ။ အဲ့လိုမှန်းသိရင် အဘိုးကို ဝမ်မျိုးရိုးပြောင်းပေးဖို့ ပြောခဲ့ပါတယ်။"

သူ့ရဲ့ ကလေးဆန်ဆန် စကားတွေကို ကြားရသည့်အခါ ဝမ်ရိပေရယ်မိသွား၏။ "မျိုးရိုးနာမည်ကိုပါ ပြောလို့ ဘာထူးနေမှာတုန်း။ ဒီတိုင်း လျစ်လျူရှုထားလိုက်ပါကွာ။"

ရှီယွင်နန် ကားကို မှီထားလိုက်သည့်အခါမှာတော့ အနည်းငယ် စိတ်ငြိမ်သွား၏။

သူ ရှီမိသားစုနှင့်ပတ်သက်သည့် အရာအားလုံးကို မေ့ထားပြီး လျစ်လျူရှုနိုင်ပေမယ့်လည်း အရင်ကိစ္စကိုများကို ပြန်တွေးမိပါက ထိုလူတွေကို ခွင့်မလွှတ်နိုင်သေးပင်။

"ကော...ကောကတော့ ကျွန်တော့သဘောထားအတိုင်း လိုက်လုပ်စရာ မလိုပါဘူး"

ရှီယွင်နန်ဟာ အမှီအခိုကင်းတဲ့သူ ဖြစ်ပြီး၊ ဝမ်ရိပေအား သူ့ခံစားချက်များဖြင့် မလွှမ်းမိုးချင်ပေ။

သေတမ်းစာထဲက ပိုင်ဆိုင်မှုများကို ပြန်တွေးမိသွားပြီး သူ့မျက်လုံးများက စိတ်ဝင်စားသည့် အရိပ်အယောင်တွေ ပြည့်နှက်သွားလျက်။ "လူအိုကြီးက သူ့ပိုက်ဆံတွေကို သေသေချာချာ သိမ်းထားတာပဲ။ ရှီးဝေကော ရှီးခယ့်ယွဲ့ကော ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားကြိုးစား သူ့လက်ထဲက ဆွဲမယူနိုင်ခဲ့ဘူးလေ။ အခုကြတော့လည်း အလွယ်တကူ လွှဲပေးသွားတာပဲ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now