Ep_27

531 54 68
                                    




ကိုကိုက အလုပ်အစောကြီးဆင်းလာပြီး ဆူဘင်းကိုလာကြိုတယ်ဆိုကာ ဆိုင်ကိုရောက်နေတာတော်တော်ကြာပြီ ၊ ကျောင်းဆင်းချိန်​ဖြစ်နေတာမလို့ ဆိုင်ထဲမှာကျောင်းသူ ကျောင်းသားအချို့နဲ့ရှုပ်နေပြီး ထောင့်ဆုံးဝိုင်းမှာထိုင်နေတဲ့ ကိုကို့ကိုဘဲ မသိမသာရော သိသိသာသာပါကြည့်နေကြတာမလို့ သူသဝန်တော်တော်တိုနေတာ..ဒါကို ဟိုဟာလေးကမသိဘဲ လိုက်ပြုံးပြနေတာ သူ့တုန်းကကြ ဂုတ်ကနေဆွဲလှည့်ခဲ့ပြီးတော့

အလုပ်လုပ်ရင်း မျက်စောင်းတွေလှမ်းထိုးနေပေမဲ့ သူ့ကိုလှည့်တောင်မကြည့်တော့ ၊ ခဏအကြာ အကြည့်ချင်းဆုံတုန်း ဆူဘင်းလက်သီးထောင်ပြလိုက်ပေမဲ့ သူ့ကိုလျှာတောင်ပြန်ထုတ်ပြလိုက်သေးတာ..ချစ်မှန်းသိတော့ တော်တော်ဆိုးလာတာဘဲ...ဒါလေးက ပြောရင်လဲရမှာမဟုတ် ကတ်ကတ်လန်လေး ၊

ထို့နောက် ဆူဘင်းခေါင်းထဲမှာမလျော်မကန်အကြံလေးတွေထွက်လာရသည်.. ဆူဘင်းကခုဆို ဒီဆိုင်မှာ ကော်ဖီဖျော်တဲ့သူဖြစ်လာတာ နည်းနည်းတောင်ကြာပြီ..ကျောင်းသူလေးတွေက အမြဲသူ့ကိုဖျော်ခိုင်းနေကြမလို့ သူ့ရာထူးကဒါဖြစ်သွားတာ..ဒီနေ့တော့ ခပ်ချောချောကျောင်းသူလေးတွေထိုင်နေတဲ့ဝိုင်းက မှာထားတာတွေကိုသူကိုယ်တိုင်သွားချလိုက်သည်..ထိုအခါ ကျောင်းသူလေးတွေအကြည့်က ကိုကို့ဆီကနေ သူ့ဆီပြန်ရောက်လာကာ..

" အာ..ပါးချိုင့်လေးကိုယ်တိုင်လာချပေးတာဘဲ "

" ကောင်းကောင်းသုံးဆောင်ပါဗျ "

" ဒါနဲ့လေ ဟို ဖုန်း..ဖုန်း နံပါတ်လေးများ "

" ရပါတယ်ဗျ "

ထုတ်ပေးလာတဲ့ စာအုပ်သေးသေးလေးနဲ့ဘောပင်ကိုယူကာ ဖုန်းနံပါတ်တစ်ခုကိုချရေးပေးပြီး ကိုကို့ကိုကြည့်မိတော့ နှုတ်ခမ်းတွေကတော်တော်စူနေပြီ..လည်လေ အဲ့မှာဝဋ်တွေ ၊ ကိုကို့အပြုံးတွေကိုသူများတွေအတွက်ဖောဖောသီသီထုတ်ပြနေတုန်းကရော ဆူဘင်းဘယ်လောက်သဝန်တိုနေရလဲ

" ဒီမှာပါဗျ "

ပေးပြီးထွက်လာခဲ့လိုက်ပေမဲ့ မလှမ်းမကမ်းရောက်မှ လှမ်းအော်တဲ့အသံ...

𝗧𝗵𝗲 𝗦𝘁𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 Where stories live. Discover now