{94}

4K 771 31
                                    

Unicode


တစ်ဖက်လူ၏နူးညံ့ကြင်နာလှသော စကားတွေအား နားဆင်ပြီးနောက် လော့ယွီရှင်းကို တစ်ဖက်လူပြောခဲ့သည့် အကြောင်းအားတွေး၍ မေးလိုက်သည်။

“တစ်ခြားဘာထပ်ပြောခဲ့သေးလဲ”

“တစ်ခြားတော့ဘာမှမပြောခဲ့ပါဘူး။အာ...မင်းက ကိုယ့်စာဝါငှက်လေးမဟုတ်ဘူးလို့ ပြောဖြစ်ခဲ့သေးတယ်။အဲ့စကားတွေက မင်းဂုဏ်သတင်းတွက် မကောင်းဘူးလေ။သူအပြင်မှာပေါက်ကရတွေလျှောက်ပြောမှာစိုးရိမ်လို့အမှန်‌ပြင်ပေးလိုက်တယ်။ပြီးတော့ ယွမ်သုံးသောင်းကို ကိုယ်ဘယ်လိုသုံးခဲ့လဲဆိုတာပါပြောပြလိုက်တာ။ကိုယ်အရမ်းပျော်တာပဲ အထူးသဖြင့် ကိုယ်ပြောချင်တဲ့အရာပြောလိုက်ရတယ်လေ။”

ကျိချင်းကျိုး တီးတိုးရွေရွတ်လိုက်၏။

“အဲ့တော့ ကျွန်တော်တို့ ပတ်သတ်မှုကို ခင်ဗျားငြင်းခဲ့တာက ကျွန်တော့်ဂုဏ်သတင်းကောင်းဖို့အတွက်လား”

ချူချန်သည် သူ့လက်တွေဖြင့် လူအား ရစ်သိုင်းထားလျက် နမ်းလိုက်သည်။

“ကိုယ်တို့ဘာမှမလုပ်ခဲ့ဖူးတာပဲလေ”

ချူချန်က ညင်သာသောအသံဖြင့်ပြန်ဖြေလာပါသည်။

“မင်းရဲ့ပုံရိပ်က အရမ်းကောင်းမွန်တယ်။အရမ်းဖြူစင်တယ်။အရမ်းသန့်ရှင်းတယ်။ငယ်ရွယ်တက်ကြွမှုကလည်း အပြည့်ပဲ။တကယ်လို့ ဒီလိုမျိုး သတင်းထွက်သွားရင် မင်းကို ထိခိုက်စေမှာ”

ချူချန်ကိုကြည့်နေပါသော ကျိချင်းကျိုးစိတ်ထဲမှာ အခုချိန် ဘယ်လိုတွေခံစားနေရသလဲတောင်မပြောပြတတ်။သူခေါင်းသာညိမ့်ပြီး စကားမဆိုတော့ချေ။

သူစိတ်အခြေအနေ‌မကောင်းတာကို ချူချန်ခံစားမိသွားရကာ-

“ဘာလို့လဲ? ဝမ်းနည်းနေတုန်းပဲလား?”

“ဟင့်အင်း”

ကျိချင်းကျိုးတစ်ယောက် ဖျစ်ညှစ်ပြုံးလိုက်ပြီး-

“ခင်ဗျားတွက် မတန်ဘူးလို့တွေးမိရုံတင်ပါ။ခင်ဗျားကျ ကျွန်တော့်အကြောင်း ဂရုစိုက်ပေးတယ်။တွေးပူပေးတယ်။စဉ်းစားပေးတယ်။အရင်းအနှီး‌တွေရော ပိုက်ဆံတွေပါပေးတယ်။ဒါပေမယ့် ကျွန်တော်ကျ ခင်ဗျားပေါ်ဘာမှပြန်မလုပ်ပေးနိုင်ဘူးထင်လို့ပါ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now