{95}

4.2K 840 66
                                    

Unicode

ချူချန်သည် အတော်အတန်ကြာထိ ကြောင်အနေလေပြီးကာမှ ခေါင်းယမ်းပြလာသည်။

“ကိုယ်အလျင်မလိုပါဘူး”

“ဒါဆို ဘယ်အချိန်မှ ခင်ဗျားအလျင်လိုမှာလဲ?”

“ဘယ်အချိန်မှ အဲ့တာကို လုပ်ချင်မှာလဲ?” ကျိချင်းကျိုးကမေးလိုက်ခြင်း။

ချူချန်မှာ တော့ သူဆက်မေးလာမည်မထင်ထားသည့်အလား ကျိချင်းကျိုး၏ မျက်လုံးကြည်ကြည်လေးများထဲကြည့်လာလျက် နူးညံ့စွာစကားဆိုလာသည်။

“ကိုယ်တို့ အဲ့တာမလုပ်ကြလည်း အခုအခြေအနေက အဆင်ပြေနေတာပဲမဟုတ်ဘူးလား။”

ကျိချင်းကျိုးမှာ နားမလည်နိုင်စွာ သူ့ကိုကြည့်လိုက်ပြီး-

“ခင်ဗျား ကျွန်တော်နဲ့မလုပ်ချင်တာလား”

“အဲ့လိုမဟုတ်ပါဘူး”

ချူချန်မှာ သူ့ကိုဖက်လိုက်ရင်း ညင်ညင်သာသာရှင်းပြလိုက်သည်။

“ကျိုးကျိုး...ကိုယ်တို့စာချုပ်ချုပ်ပြီး ပထမဆုံးနှစ်လအတွင်းမှာဆိုရင်တော့ ကိုယ်တွန့်ဆုတ်နေမှာမဟုတ်ဘူး။ဒါပေမယ့် အခုက....ကိုယ်တို့ စာချုပ်က ပြီးဆုံးခါနီးနေပြီ။တစ်လပဲကျန်တော့တာ။ဒါတွေမလိုအပ်ပါဘူး။ကိုယ်ပြောတာ မင်း သဘောပေါက်ရဲ့လား?...နောက်ဆုံးရက်သုံးဆယ်လေးတွင်းကို မင်းပေါ် အမည်းစက်ကြီး မရှိသွားစေချင်ဘူး။တကယ်ပါ ဒါတွေမလိုအပ်ပါဘူး”

“ကျွန်တော်ကဒါကို အမည်းစက်လို့ မထင်ဘူးလေ”

ကျိချင်းကျိုးကလည်း သူ့ကိုပြန်ရှင်းပြလိုက်သည်။

“ ကျွန်တော်က ခင်ဗျားရဲ့ပိုက်ဆံကိုယူပြီး ခင်ဗျားရဲ့အကျိုးပြုမှုတွေနဲ့သာယာနေခဲ့တာလေ။ကျွန်တော်လည်း တန်ဖိုးတစ်ခုတော့ ပြန်ပေးသင့်တယ်မလား။ဟမ်။ကျွန်တော်တို့နှစ်ယောက်ကလည်း အဲ့အချက်‌ကို သဘောတူပြီး ပတ်သက်နေခဲ့ကြတာမဟုတ်ဘူးလား”

“အဲ့ဒါအရင်ကပါ။အခုမဟုတ်ဘူး။မင်းဒီလိုတွေလုပ်စရာမလိုအပ်ပါဘူး။ကိုယ်ပြောပြမယ်နော်။ဒီတစ်နှစ်လုံး မင်းကိုယ်နဲ့ အတူရှိနေပေးခဲ့တယ်။ဒီနှစ်မှာလည်း ကိုယ်အရမ်းကို ပျော်ခဲ့ရတာမို့ လုံလောက်ပါပြီ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now