Part - 14

22.9K 1K 116
                                    

Unicode

"Nothing's gonna change my love for you…You oughta know by now…
how much I love you…One thing you can be sure of…I'll never ask for more than your love ~~~ "

အပေါ်ထပ်ဆီကပျံ့လွင့်လာတဲ့ အသံချိုချိုလေးကြောင့် ထင်လင်းသိုက်လက်ထဲက ပေါင်မုန့်ကို စတော်ဘယ်ရီယိုသုတ်လိုက်သည်။ မကြာခင် အောက်ဆင်းလာတော့မဲ့ ကလေးမလေးအတွက် မနက်စာက အဆင်သင့်ဖြစ်နေဖို့လိုသည်
မဟုတ်ပါလား။

"မီးငယ်ဒီနေ့ကျတော့ ဘယ်သူမှမနိုးရပဲ
နိုးနေပါလား…ထူးထူးဆန်းဆန်း"

"သီချင်းဆိုနေပုံထောက်တော့ အိပ်ရေးဝလို့
စိတ်ကြည်နေတယ်ထင်တယ်"

"ဒီနေ့လည်း ငါ့ကြွေပန်းအိုးတွေ တိုက်ခွဲခဲ့…"

ဒုန်း~~~ ခလွမ်း

မင်းသန့်စကားမဆုံးလိုက်သေးခင်မှာပဲ အပေါ်ထပ်ကကြားလိုက်ရတဲ့ ကျကွဲသံကြောင့် ခေါင်းကျိန်းသွားရ၏။ကုန်ပါပြီ သူ့ရဲ့ကြွေထည်တွေ...မီးငယ်ကြောင့် ဘာမှမကျန်တော့အောင်ဖြစ်နေပြီ။ မီးဖိုခန်းဆိုလည်း ကြွေပန်းကန်ပြားတွေ လက်ကလွတ်ကျတာမို့  ထပ်မဝယ်ရဲအောင်ဖြစ်နေပြီ။

"အန်ကယ်သန့်ရေ"

"အေး ကုန်ပြီလားမီးငယ်လေး"

"ဟိုက် အကုန်ကျကွဲသွားပြီ"

"အေး အေး ကောင်းတာပေါ့ ဆက်ခွဲအုံးလေ"

"ဟင့်အင်း အန်ကယ့်ဟာက ဘာမှမကျန်တော့ဘူး"

မျက်နှာအုပ်၍သာ ရယ်မိတော့၏။ ဘာမှမကျန်တော့လို့ ကျန်ရင် တကယ်ခွဲမဲ့သဘောမှာရှိမှန်း မင်းသန့်သိသည်။

မကြာပါ ဖြူစွတ်နေတဲ့ဂါဝန်ကိုဝတ်၍ ခုန်ပေါက်ကာဆင်းလာတဲ့မီးငယ်ကြောင့် မျက်နှာပိုးသတ်ရသည်။

"ဟီး အန်ကယ်တို့က အစောကြီးနိုးနေတာ"

"စားတော့ စကားမများနဲ့"

"အန်ကယ်… အန်ကယ်ဒီနေ့လည်းချောတယ်"

တွန့်ချိုးထားတဲ့မျက်ခုံးနှစ်ဖက်က ထိုစကားကြားမှ အလိုလိုပြေလျော့သွားရ၏။

"စာတွေအကုန်ကြည့်ပြီးပြီလား"

"ဟိုက်"

"အိတ်ကရော သေချာစစ်ပြီးပြီလား"

HUSBAND:DaddyWhere stories live. Discover now