သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်

2.5K 344 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၉ ။ သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်

ဇူလိုင်လတွင် Hမြို့၏အပူချိန်သည် 40 ဒီဂရီကို ကျော်လွန်နေခဲ့သည်။ မနက်အစောကြီးမှာတောင် နေသည် အလွန်တောက်ပလျက်ရှိပြီး အခန်းထဲ၌ အလွန်ပူလျက်ရှိသည်။ အိပ်ရန် ပြတင်းပေါက်ဖွင့်ထားခဲ့မယ်ဆိုရင် လေညှင်းလေးများ ၀င်လာနိုင်သော်လည်း မနက်လေးနာရီလောက်တွင် အောက်ထပ်မှ ပွဲတစ်ပွဲအတွက် စောင့်နေသည့် လူများ၏ ဆူညံသံများကိုလည်း ကြားနေရမည်။

ညသန်းခေါင်မှသာ အိပ်ပျော်သည့် တမောက်သည် မျက်လုံးပိတ်ထားလျက်ရှိပြီး ပြတင်းပေါက်ဖက်သို့ လက်မြှောက်၍ ခေါင်းအုံးကို လွှင့်ပစ်လိုက်သည်။ ထိုအခါမှသာ  တစ်၀က်ပွင့်နေသည့်အလိုအလျောက် တုံ့ပြန်သော ပြတင်းပေါက်သည် ပိတ်သွားခဲ့သည်။ တစ်ဖက်ကုတင်မှ ရှောင်ဖန်းသည်လည်း အိပ်ချင်မူးတူးဖြင့် " တကယ်လို့ ဒီဟာက အရမ်းဒုက္ခပေးမှန်းသာ ငါသိခဲ့မယ်ဆိုရင် ဒီနေရာကို ငါတို့မငှားခဲ့သင့်ဘူး " ဟု သည်းညူစွာ ပြောခဲ့သည်။

ထိုနေရာကို ငှားရမ်းခဲ့သည့် မူလဆုံးဖြတ်ချက်သည် အိပ်ဆောင်မှာ ရှုခင်းနေရာများနှင့် စီးပွားရေးလုပ်ငန်းဧရိယာနှင့် နီးသောကြောင့် ဖြစ်သည်။ လူရွေးပွဲများအတွက် အရွေးခံဖို့ စောင့်နေသည့် သူများ၏ နေရာသည် အောက်ထပ်တွင်ဖြစ်သည်။ သရုပ်ဆောင်ရွေးပွဲတစ်ခုရှာချင်သောအခါ သူတို့လုပ်ရမည့်အရာမှာ အောက်ထပ်သို့ဆင်းသွားရန်သာဖြစ်သည့်အတွက် အလွန်အဆင်ပြေသည်ဟု ထင်ရသည်။

သို့သော် တစ်ချို့ကိစ္စတွင် အဆင်‌ပြေမှုရှိသလို ပြဿနာလည်းရှိနေပြန်သည်။ လူနေထိုင်ရာ အဆောက်အဦးများသည် မနက်ဈေးနှင့် ညဈေးတန်းတို့နှင့် နီးသည့်အတွက် မင်းလိုအပ်သည့်အခါ သွား၀ယ်ခြင်း သို့မဟုတ် ဈေး၀ယ်ထွက်ခြင်းတို့အတွက် အလွန်အဆင်ပြေသော်လည်း တစ်ဖက်တွင်လည်း ထိုအရာသည် အလွန်ဆူညံလျက်ရှိသည်။

ထောင်မုသည်လည်း ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။ သူသည် မိုးခြိမ်းသံကြားရင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သူတစ်ဦးဖြစ်သည်။ သို့သော် ရှန်းမိသားစုဆီသို့ ပြန်သွားခဲ့ပြီးနောက်တွင် သူသည် အလွန်အထိမခံဖြစ်လာပြီး အာရုံကြောများအားနည်းသည် အထိဖြစ်ခဲ့သည်။ သေးငယ်သော လှုပ်ရှားမှုလေးတောင်မှ သူ့ကိုနိုးလာ‌အောင် ပြုလုပ်နိုင်ခဲ့သည်။ ရှန်းမိသားစုမှ နှင်ထုတ်ခြင်းခံရပြီးသည့်နောက်တွင် သူ၏ အိပ်စက်ခြင်းသည် ပို၍ဆိုးဝါးလာပြီး အိပ်မပျော်သောရောဂါနှင့်တောင် ဆင်တူလာသည်။ ပြန်လည်ရှင်သန်ပြီးသည့်နောက် ထောင်မုတွင် လွန်ခဲ့သောဘ၀မှ ဆယ်နှစ်ကျော်သည့် ပုံရိပ်များကို ပြန်လည်မှတ်မိလာရုံသာမက ထို ပြဿနာကိုပါ ယူဆောင်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now