28

10K 849 211
                                    

unicode version

"ညက ကိစ္စအတွက်  sorry ကျွန်တော်
နည်းနည်းလွန်သွားတယ် "

"မဟုတ်သေးပါဘူး အဆို အသံက နည်းနည်းမာနေသလိုများ
ဖြစ်နေမလား "

"ဟို ညကိစ္စအတွက် တောင်းပန်ပါတယ်နော်
ကျွန်တော် အရမ်းဒေါသဖြစ် သွားလို့ပါ ကျွန်တော့်ကို
ခွင့်လွှတ်ပေးမယ် မလားဟင် "

"ဟာ ကောင်းသေးပါဘူး အသံကအရမ်းပျော့နေတယ်
သဘာဝကျကျလေး ပြောရမယ် "

"အဟမ်း...ညက ခင်များကို အရမ်းစွပ်စွဲမိသလို ဖြစ်သွားတယ် sorry တောင်းပန်ပါတယ် "

"ကျစ်! ကျောက်ရုပ်သံကြီးနဲ့ အသက်မပါသလိုကြီး
မကောင်းသေးဘူး နောက်တစ်မျိုး "

"ညက ခင်များကို ဖောက်ပြန်တယ်လို့ စွပ်စွဲမိတာ
တောင်းပန်ပါတယ် ကျွန်တော်လည်း ရုတ်တရက်ဆိုတော့
ဒေါသအရမ်းထွက်ပြီး စိတ်လွတ်သွားလို့ပါ ။
နောက်ပြီး ခင်များ မကြိုက်ရင် ကျွန်တော်ရိုင်းရိုင်းစိုင်းစိုင်းတွေ
မပြောတော့ပါဘူး ပြီးတော့ ကျွန်တော်နဲ့
အတူနေဖို့ အဆင့်သင့်မဖြစ်သေးရင်လည်း
ခင်များ အဆင်ပြေတဲ့အထိ စောင့်ပြီး..."

"ရူးနေလား ဝမ်ရိပေါ် သူကတစ်သက်လုံး အဆင်သင့်
မဖြစ်ရင်ရော မင်းက တစ်သက်လုံး လက်သမား
လုပ်တော့မလို့လား "

ရိပေါ် ဆံပင်တွေကို စိတ်ရှုပ်သလို လက်နဲ့ထိုးဖွလိုက်သည်။
ညက သူအတော်လွန်သွားမှန်းသိတာမို့ ခုမနက်
တောင်းပန်ဖို့ စဉ်းစားထားပေမဲ့ ရေချိုးတာတစ်နာရီ
လောက်ရှိတော့မယ် ခုထိ စကားလုံးနဲ့ အသံနေအသံထား ရှာမရသေး။ ညကတည်းက ရှောင်းကျန့်က အတော်
စိတ်ဆိုးနေတာဆိုတော့ ရေချိုးခန်းက ထွက်လို့
မျက်နှာချင်းဆိုင်မိရင်တောင် ရှောင်းကျန့်ကသူ့ကို
စကားပြောမှာမဟုတ်။ ကံဆိုးရင် ရန်ထပ်ဖြစ်ပြီး
သူ့ကိုအိမ်ပေါ်က ဆင်းခိုင်းလိမ့်မည်။

"ဟာ မသိတော့ဘူးကွာ ဖြစ်ချင်ရာဖြစ် "

တန်းမှာချိတ်ထားတဲ့ တပတ်တစ်ထည်ကို ဆွဲယူပြီး
ခါးမှာပတ်လိုက်ကာ အခန်းအပြင်ထွက်ဖို့ ပြင်လိုက်သည်။ အပြင်ရောက်လို့ ရှောင်းကျန့်က သူ့ကို ထုရိုက်ကန်ကြောက်ပြီး အိမ်ပေါ်က ဆင်းခိုင်းရင်တောင် အရိုက်ခံပြီး ပေကပ်နေဖို့ ဆုံးဖြတ်ထားသည်။
ဘယ်လိုဘဲဖြစ်ဖြစ် ရှောင်းကျန့် အနားကနေ
တစ်လှမ်းတောင် မခွာနိုင်ပါ။

My very bad husband  belong to meWhere stories live. Discover now