အခန်း ၃၇

4.4K 445 45
                                    

ကိုမြင့်မောင်၏ ရာထူးတိုးပွဲ ညပါတီဟာလည်း နောက် ၅ ရက်ကြာရင် ရောက်ရှိလာတော့မည် ဖြစ်သည် ။ လင်ယောက်ျား၏ ဂုဏ်သိက္ခာပွဲမှာ မယားတစ်ယောက်အဖြစ် ၊ ပါရမီဖြည့်ဖက် တစ်ယောက်ထက် ပိုသော ဂုဏ်အင်္ဂါရပ်မျိုး ပြည့်စုံနေရမည် ။ လှပနေရမည် ။

ထိုနေ့ပွဲကို လာတက်ရောက်ကြမည့် မင်းကတော်များနှင့် အပြိုင် မြိုင်ဟာ ပိုလှနေရမည် ။ ကိုဘတင်၏ ကုန်သွယ်မှုဖြင့် ရန်ကုန်မြို့မှ ဒိတ်ဒိတ်ကြဲ ဘရိုကိတ်လုံချည်ဆိုင်တစ်ဆိုင်ဟာ မိမိတို့ နေထိုင်ရာ မေမြို့ကို ရောက်ရှိနေပြီ ဖြစ်သည် ။ ထိုဆိုင်ကို သွားဖို့အတွက် ညိုလေးကိုပါ အပါခေါ်ခဲ့သည် ။ ညပါတီ၌ ချစ်သောသူကိုပါ လှစေချင်သည် ။

ဘရိုကိတ်လုံချည်များဟာ ရန်ကုန်သူတွေသာ ဝတ်ကြသည် ။ မိမိတို့ တောင်စခန်းဟာ ကုန်သွယ်ခြင်းအားနည်းမှုကြောင့် ရောက်ရှိလာသော ဘရန်းပစ္စည်းဟာ ကြာရှည်မခံ ။ ယခုများမူ ကိုဘတင်တို့ ကုန်သည်ကြီးများ၏ အကူအညီနှင့် အဆင့်အတန်းမှီစွာ ပို၍ နေထိုင်နိုင်ပြီ ဖြစ်သည် ။

ဆိုင်အတွင်း၌ လာရောက်ဝယ်ယူကြသော မင်းကတော်များ ။ စံအိမ်တော်များ၏ သမီးတော်လေးများကို ထိုင်ဆိုင်အတွင်းမှာ ပြည့်နှက်နေသည် ။ မြိုင်ဟာ ခေတ်တစ်ခေတ်ကို မည်သို့အခါမျှ နောက်ကျဖူးခြင်း မရှိပေ ။ နောက်ကျခဲ့လျှင် မြိုင် မဟုတ်တော့ ။

ဂျပန်ကီမိုနိုအသားနှင့် လုံချည်တစ်ထည် မြိုင့်မှာ ရှိသည် ။ ထိုလုံချည်ကို ညပါတီမှာဝတ်ဖို့ ရည်ရွယ်ထားပေမယ့်လို့ ချစ်သူလေးနဲ့အတူတူ ဘရိုကိတ်လုံချည် ဝတ်ချင်နေသည့်စိတ်ကြောင့် ကီမိုနိုလုံချည်ကို ဗီဒိုထဲ၌သာ နေရစ်ခဲ့စေသည် ။

ဆိုင်ခန်းထဲ၌ လုံချည်များကို ကြိုက်နှစ်သက်စွာ ဖြစ်နေသော သိုးပေါက်လေး ။

" အို လှလိုက်တာ မမမြိုင်ရယ် ။ ဘယ်ဟာလေး ဝတ်ရပါ့မလဲ မသိတော့ဘူး ။ "

" အကုန်လုံး ဝတ်ချင်ရင်လည်း ဝတ်ပေါ့ ။ ဒီဆိုင်တစ်ခုလုံးတောင် ဝယ်ပေးနိုင်တယ် ။ "

မှန်အကြည်အနားမှာ မတ်တပ်ရပ်နေသော မြိုင့်အနားသို့ ပြုံးတီတီမျက်နှာလေးနဲ့ အရောက်လာပြီး လက်လာချိတ်သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now