အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့

633 59 13
                                        

❄️❄️❄️

ကျွန်တော့်ဘ၀မှာ အဲ့ဒီအခိုက်အတန့်လောက် ခန္ဒာကိုယ်တစ်ခုလုံး အေးစက်သွားတာမျိုး မရှိခဲ့ဘူး။ ခြေထောက်မှာခဲဆွဲပြီး ရေခဲမြစ်ထဲ ပစ်ချခံလိုက်ရသလိုပါပဲ။

"မဖြစ်နိုင်ဘူး... ကိုကိုက နှလုံးရပ်သွားတယ်တဲ့လား...
ဟင့်အင်း... မဟုတ်ဘူး..."

လွတ်ကျသွားတဲ့ ကွတ်ကီးဘူးလေး ဟိုလှိမ့်သည်လှိမ့်ဖြစ်နေတုန်းမှာပဲ နောက်ဆုတ်သွားတဲ့ ကျွန်တော့်ခြေလှမ်းတွေက တဖြည်းဖြည်းချင်း ယိုင်ယွဲ့လာတယ်။ အစ်ကိုက ကျွန်တော့်ပခုံးကို ဆွဲယမ်းရင်း...။

"လင်းခန့်... စိတ်ကပ်ထားစမ်း... အယ်လ်ခွန်းကို အရေးပေါ်နှလုံးနှိုးနေကြသေးတယ်၊ ခုဏလေးကလည်းတစ်ခါ နှလုံးရပ်သွားတာ နှစ်ခါရှိပြီဆိုပေမယ့်... သူအဆင်ပြေမှာပါ၊
အယ်လ်ခွန်းက ဒီလိုကြီးတော့..."

အစ်ကို့က ကျွန်တော့်မျက်လုံးကိုစိုက်ကြည့်နေရင်း မြန်လိုက်နှေးလိုက်ဖြစ်နေတဲ့ သူ့စကားစကို ရပ်ထားတယ်။ ကျွန်တော် သူ့ကို တွန်းဖယ်၊ မှန်တံခါးရှေ့ အပြေးကပ်တွယ်ပြီး ကြည့်လိုက်တော့...။

"..."

ရင်ဘတ်ဖွင့်ထားတဲ့ လူနာ၀တ်စုံဖြူပြာပြာလေးအောက်မှာ အသားရောင်ဖျော့တော့နေတဲ့ ကိုကိုရင်အုံနှစ်ခြမ်းက နှလုံးနှိုးစက်တွေရဲ့ ရှော့တိုက်ခြင်းကို ခံနေရတယ်။

အခန်းထဲကိုကြည့်ရင်း ပြူးကျယ်လာတဲ့ မျက်လုံးအိမ်တွေနဲ့အတူ ကျွန်တော်နှလုံးခုန်သံတွေက ဂယောက်ဂယက်။ ကျွန်တော် အခန်းထဲ ဇွတ်၀င်သွားဖို့လုပ်တော့ အစ်ကိုက နောက်က ဖမ်းချုပ်ပြီးဆွဲတယ်။

"လင်းခန့်..."

"ကျွန်တော့်ကိုလွှတ်!"

"လင်းခန့်... မဆင်မခြင်မလုပ်နဲ့
ဆရာ၀န်တွေ သူတို့လုပ်ရမှာသူတို့သိတယ်"

ရုန်းကန်နေရင်းမှာပဲ လှမ်းမြင်နေရတဲ့ နှလုံးခုန်နှုန်းပြမော်နီတာက မျဉ်းလေးဟာ လူးလွန့်သွားလို့။ မညီမညာ လှိုင်းပြေပြေတွေဟာ တဖြည်းဖြည်း ကြိမ်နှုန်းနံပါတ်တွေ တက်လာရင်း။ ယောက်ယက်ခပ်နေတဲ့ အရေးပေါ်အခြေအနေကနေ ပြန်ပြီး ငြိမ်ငြိမ်သက်သက်ရှိသွားမှ တာ၀န်ကျဆရာ၀န်တွေဟာ အောင့်ထားတဲ့၀င်သက်တွေကို မှုတ်ထုတ်ပြီး အခန်းထဲကနေ လေးပင်တဲ့ခြေလှမ်းတွေနဲ့ ထွက်လာကြရဲ့။

Heartless December ❄️Donde viven las historias. Descúbrelo ahora