Part - 42 ( Zg + Uni)

5K 254 16
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 42  )

" လုပ်ပါအုံး ခေါင်ယံ ရေ... နည်းနည်းလောက်
ငြိမ်ငြိမ်နေပေးပါအုံး..!! "

ချစ်သည်းမာန် ပြောလည်းပြော ခေါင်ယံ
ဘောင်းဘီကို ဇွတ်ဆွဲချွတ်နေလေသည်။
သို့သော် အိပ်နေတာတောင် ခေါင်ယံမှိုင်း
က အငြိမ်​မ​နေဘဲ ဟိုဘက်လှည့်
ဒီဘက်လှည့် ဖြစ်နေတော့ ဆွဲချွတ်ဖို့
လုပ်နေတဲ့ သူမမှာ ကြာတော့မောလာခဲ့သည်။

" အမယ်လေး အရမ်းမောတာပဲ ခေါင်ယံရယ်..
တော်ပြီ နင့် ဘောင်းဘီကို ငါ မချွတ်တော့
ဘူး.....အပေါ်ပိုင်းက အင်္ကျီ မပါတဲ့
ပုံနဲ့ပဲ ငါ ဓာတ်ပုံရိုက်တော့မယ်. .."

စောင်ပါးပါးလေးကို သူမရဲ့ ရင်ညွှန့်ထိ
ရောက်အောင် ချစ်သည်းမာန် ဆွဲခြုံလိုက်ပြီး
ခေါင်ယံမှိုင်း ရဲ့ အပေါ်ပိုင်း ဗလာကျင်းနေသော
ရင်ခွင်ထဲ ဝင်ကာ သူမ စိတ်ကြိုက်
ဓာတ်ပုံတွေ ရိုက်နေခဲ့သည်။
ဒါတင်မကသေး ခေါင်ယံမှိုင်း ပါးတွေ၊
ရင်ဘတ်တွေပါ မချန် သူမ ဆိုးထားတဲ့
နှုတ်ခမ်းနီတွေ ပေပွအောင်ကပါ
လုပ်လိုက်သေးသည်။

-
-
-
-
-
-

"  ခေါင်ယံမှိုင်း...!!! ဟေ့ကောင် မင်းထစမ်း.. !!
ငါ ပြောနေတာကြားလား.. !! ထစမ်းလို့..!! "

အိပ်နေတုန်း ဇွတ်ဆွဲနိုးခံလိုက်ရ၍ ခေါင်ယံမှိုင်း
ထလာတော့ သူ့ မျက်နှာမှာ မကျေနပ်မှုတွေက
အထင်းသား။

" ခွပ်.. !! "

မျက်လုံး ဖွင့်ရရုံ ရှိသေး ထိုးခံလိုက်ရသော
လက်သီးချက်ကြောင့် ခေါင်ယံမှိုင်း
ပို၍ အလိုမကျဖြစ်သွားကာ...

" ဘာလို့ ကျတော်ကို ထိုးရတာလဲ ဒယ်ဒီ..
ကျတော် ဘာလုပ်လို့ လဲ.. ?? "

မေးသာ မေးရတာ ခေါင်ယံမှိုင်း
မျက်လုံးတွေက သူ့ ဒယ်ဒီနားက သူ့ မာမီ
နဲ့အတူရှိနေသော ချစ်သည်းမာန် အဖေနဲ့
အမေကိုပါ နားမလည်​စွာ ​ကြောင်
ကြည့်နေလေသည်။

" သေချင်းဆိုး မင်းဘေးကို ပြန်ကြည့်လိုက်
စမ်း.. .!! မင်း ဘာလုပ်ထားလဲဆိုတာ "

ခေါင်​ ...ဒယ်ဒီက စိတ်တွေတိုနေပြီး
မာမီကလည်း သူ့ နားက လူကို
ကြည့်နေတာကြောင့် သူ ကြည့်လိုက်တော့
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ
အသံမထွက်ဘဲငိုနေသော ချစ်သည်း ကို
သူ တွေ့လိုက်ရသည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now