Ch 546 to 550

212 17 0
                                    

Chapter 546 - ချောင်မင်ရှန်

အဲ့ဒီ့စိတ်၀ိဉာဥ်ပညာရှင်လည်း ယန်ချီ၏မေးခွန်းကြောင့် အံ့အားသင့်သွားခဲ့တယ်။

သူ့အနေနဲ့ ယန်ချီကို ဒီလောက်ငယ်ရွယ်လိမ့်မယ်လို့ မထင်ထားမိဘူးလေ။

ယန်ချီလို ငယ်ရွယ်တဲ့လူက ကျားသစ်နဂါးမြင်းတပ်ရဲ့တပ်မှူး မဖြစ်သင့်ဘူးလေ။

"အဲ့ဒါဆိုရင် ကျေးဇူးပြုပြီး ငါ့နောက်လိုက်ခဲ့ပါ"

စိတ်၀ိဉာဥ်ပညာရှင်က ယန်ချီကို ရုတ်တရက်ပြောလိုက်တယ်။

ယန်ချီလည်း များစွာစဥ်းစားမနေတော့ဘဲ အဲ့ဒီ့စိတ်၀ိဉာဥ်ပညာရှင်နဲ့အတူ ဖြေးညှင်းစွာ လျှောက်သွားခဲ့တယ်။

သိပ်မကြာခင်မှာ စိတ်၀ိဉာဥ်ပညာရှင်တို့နှစ်ယောက်က မြို့တော်တံတိုင်းပေါ်မှာရှိတဲ့ ခန်းမတစ်ခုဆီကို ရောက်သွားခဲ့တယ်။

အဲ့ဒီ့အချိန်မှာတော့ ခန်းမထဲမှာ စစ်တပ်၀တ်စုံကို ၀တ်ဆင်ထားတဲ့ စိတ်၀ိဉာဥ်ပညာရှင် တစ်ဒါဇင်ကျော်ထိုင်နေခဲ့တယ်။

"သခင်ကြီး....ကျားသစ်နဂါးမြင်းတပ်ရဲ့ တပ်မှူး ရောက်လာပါပြီ"

ယန်ချီကို လာခေါ်တဲ့ စိတ်၀ိဉာဥ်ပညာရှင်က ပလ္လင်ထက်ကလူတစ်ယောက်ကို အရိုအသေပေးပြီး ပြောလိုက်တယ်။

ဒီစကားကိုကြားတော့ ပလ္လင်ထက်မှာထိုင်နေတဲ့ လူနဲ့ ကျန်တဲ့စိတ်၀ိဉာဥ်ပညာရှင်တွေအားလုံး မှင်သက်သွားကြတယ်။သူတို့တွေက ယန်ချီကို ကျားသစ်နဂါးမြင်းတပ်ရဲ့ တပ်မှူးဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူးလေ။

"မင်းက ကျားသစ်နဂါးမြင်းတပ်ရဲ့ တက်မှူးလား"

ပလ္လင်ထက်မှာထိုင်နေတဲ့လူရဲ့ နာမည်က ၀မ်ခွန်ဖြစ်ပြီး အဆင့် ၈၂ စိတ်၀ိဉာဥ်သူတော်စင်အဆင့်ရှိကာ ၀မ်ကျိုးမြို့ရဲ့အရှင်သခင်ပါ။

"ဟုတ်ပါတယ်"

ယန်ချီက ခေါင်းညိတ်လိုက်ပေမဲ့လည်း သူ့မျက်နှာ အမူအယာကတော့ ပြောင်းလဲခြင်းမရှိပါဘူး။

ဘေးနှစ်တန်းမှာထိုင်နေကြတဲ့စစ်သူကြီးတွေကလည်း ယန်ချီကို အံ့အားသင့်စွာကြည့်နေခဲ့ကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now