Ch 551 to Ch 555

200 21 0
                                    

Chapter 551 - နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ခြင်း

အဲ့ဒီ့အချိန်မှာတော့ ခန်းမထဲက လူတိုင်းက အင်ပါယာဆီကို ပေးမဲ့အမိန့်ကို စောင့်မျှော်တဲ့အနေနဲ့ အင်ပါယာကို ကြည့်လိုက်ကြတယ်။

အင်ပါယာယီယွင်ကလည်း ယန်ချီကိုကြည့်လိုက်တယ်။

"ယန်ချီ....မင်းက ကျားသစ်နဂါးမြင်းတပ်ကိုခေါ်ပြီး ခရီးထွက်ရမယ်"

"ဟုတ်ကဲ့ပါ အင်ပါယာ"

ယန်ချီ ခေါင်းညိတ်လိုက်ပြီးနောက် ခန်းမအပြင်ကို ထွက်သွားခဲ့တယ်။

၀မ်ကျိုးမြို့တော် တံတိုင်း.......။

မိုရုံ ကျိုးဇီ နဲ့ ကျားသစ်နဂါးမြင်းတပ်စစ်သားတွေက ယန်ချီရောက်လာတာကိုမြင်တော့ နှုတ်ဆက်လိုက်ကြတယ်။

"တပ်မှူး....အခြေအနေ ဘယ်လိုလဲ"

မိုရုံက ယန်ချီကိုကြည့်ပြီး မေးလိုက်တယ်။

"ဟွိုင်ချန်မြို့ကို ချီတက် ရမယ်"

ယန်ချီက ဖြေးညှင်းစွာပြောလိုက်တယ်။

ချက်ချင်းပင် ကျားသစ်နဂါးမြင်းတပ်ရဲ့ စစ်သားတွေက မြို့တံတိုင်းပေါ်ကနေဆင်းပြီး ကျားသစ်နဂါးမြင်းတွေကိုစီးပြီး ဟွိုင်ချန်မြို့ဆီကို ဦးတည်သွားခဲ့တယ်။

ဟွိုင်ချန်မြို့....။

ဟွိုင်ချန်မြို့ရဲ့ အပြင်ဖက် ခံစစ်တံတိုင်းနံရံမှာ စိတ်၀ိဉာဥ်ပညာရှင်တွေနဲ့ စစ်သည်တွေက ကြိုးစားပန်းစားခုခံနေကြတယ်။သူတို့တွေက စစ်ကူကို မျှော်လင့်နေခဲ့ကြတယ်။

စစ်ကူသာရောက်မလာဘူးဆိုရင် ဟွိုင်ချန်မြို့က နတ်ဆိုးသားရဲတွေလက်ထဲ ကျရောက်သွားနိုင်ချေရှိနေပါတယ်။

ဟွိုင်ချန်မြို့အရှင် လုမင်ကလည်း မျက်လုံးအစုံကို မှိတ်ထားလိုက်ပါတယ်။

သူ့အနေနဲ့ စစ်ကူတွေက နောက်ကျမှရောက်လာမယ်လို့ သိနေခဲ့တယ်

အဲ့ဒီ့အချိန်မှာ ဟွိုင်ချန်မြို့က နတ်ဆိုးသားရဲတွေလက်ထဲ ရောက်နေပါပြီ။

မြို့ထဲမှာ နေထိုင်ကြတဲ့ လူဦးရေ ရှစ်သန်းကလည်း နတ်ဆိုးသားရဲ့သတ်ဖြတ်မှုကို ခံနေရလောက်ပါပြီ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now