{100}

5K 917 144
                                    

Unicode

ကျိချင်းကျိုးကတော့ ချူချန်ထက်နောက်ကျပြီးမှနိုးလာခဲ့သည်။ဒီနေ့မှာ ကြော်ငြာပလက်ဖောင်းတစ်ခု တက်စရာရှိသောကြောင့် မနက်ခုနစ်နာရီမှာ အိပ်ရာထပြီး အဝတ်အစားတွေလဲလိုက်သည်။ကုမ္ပဏီမှာ မိတ်ကပ်တွေဘာတွေလည်း ပြင်စရာရှိသေးသဖြင့် မနေ့တည်းက ရှောင်ချန်းကို ဖုန်းဆက်ပြီး အိမ်သစ်ရဲ့ လိပ်စာကို ပေးထားကာ သူ့ကို ကားနဲ့လာခေါ်ပေးဖို့ ပြောထားရသည်။

ရှောင်ချန်းသည် ဖုန်းပေါ်က လိပ်စာအသစ်ကိုကြည့်၍ ဘာမှမပြောခဲ့သော်လည်း ဒီနေ့လာကြိုသည့်အချိန်မှာတော့ တအံ့တဩဖြင့် မေးလာသည်။

“ကျိကောကအခုဒီမှာနေနေတာလား?”

ကျိချင်းကျိုး ခေါင်းညိမ့်လိုက်သည်။

ရှောင်ချန်းက သူ့ကိုထပ်မေးလာပြန်သည်။

“ချူရှောက်ရော ပြောင်းလာတာလား”

သူနဲ့ကျိုးချန်ဖုန်းက သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုအစစ်အမှန်ကို မသိကြဘဲ သူတို့အတူတူနေတာကိုသာ သိကြတာဖြစ်သည်။ကျိချင်းကျိုး ခေါင်းယမ်းပြီး‌ဖြေလိုက်သည်။

“ရှောင်ချန်း။မင်း ငါ့ဘက်ကမလား”

ရှောင်ချန်းက ခေါင်းညိမ့်သည်။

“ဒါဆိုကောင်းပြီ။အရင်ကဆို ငါဘာဖြစ်ဖြစ်သူ့ကို ပြန်ပြောဖို့ ချူချန်က မင်းကို တာဝန်ပေးထားတာငါသိတယ်။ဒါပေမယ့် ဒီနေ့ဒီချိန်ကစပြီး အဲ့လိုထပ်လုပ်ခွင့်မပြုတော့ဘူး။သူမေးလာရင် ငါက ပြောခွင့်မပြုလို့ဆိုပြီးပြောလိုက်။သူမကျေနပ်ရင် ငါ့ဆီလာလိုက်မယ်။ဒါပေမယ့် ငါနဲ့ပတ်သက်တဲ့ဘယ်အကြောင်းကိုမှ မင်း သူ့ကို သွားမပြောနဲ့”

“ဘာလို့လဲ”

ရှောင်ချန်းမှာ ပဟေဋိဖြစ်လို့။

“ကောတို့ ရန်ဖြစ်ထားကြတာလား”

“ဟင့်အင်း”

ကျိချင်းကျိုးကတည်တည်ငြိမ်ငြိမ်ပြောလာသည်။

“ငါတို့လမ်းခွဲလိုက်တာ။အရေးမပါတဲ့ငါ့ကိစ္စတွေနဲ့ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်သွားစေရင် မသင့်တော်ဘူးလေ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now