{106}

4.8K 866 76
                                    


Unicode

ဒီတစ်ခါကျိချင်းကျိုးရဲ့ဇာတ်ကားသစ်ကတော့ ရုပ်ရှင်တစ်ခုဖြစ်သည်။ ဒါရိုက်တာကလည်း အတော်အသင့် လူသိများပြီးသားပင်။တစ်ခြားရိုက်ကူးရေးတွေလို သရုပ်ဆောင်ရွေးပြီးမှ ရင်းနှီးမြှုပ်နှံမှု မြှင့်ပေးတာမဟုတ်ဘဲ ဒီဇာတ်ကားရဲ့ ရင်းနှီးမြှုပ်နှံမှုကို ချမှတ်ထားပြီးသားဖြစ်သလို သရုပ်ဆောင်တွေကလွဲလို့အရာရာတိုင်းက အဆင့်သင့်ဖြစ်နေလေပြီ။မကြာခင် ခေါင်းဆောင်မင်းသားကို ရွေးချယ်ပြီးတာနဲ့ ရိုက်ကူးရေးအဖွဲ့က စရိုက်ကူးတော့မှာဖြစ်သည်။

ဇာတ်ကားအကြောင်းအရာကတော့ လူငယ်နှစ်ယောက်က သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခြင်းအား နောက်ခံထားတာဖြစ်သည်။ခေါင်းဆောင်မင်းသားနှစ်ယောက်နဲ့ ရိုက်ကူးရမှာဖြစ်၏။လက်မှတ်မထိုးခင် ကျိုးချန်ဖုန်းက နောက်ခေါင်းဆောင်မင်းသားနာမည်အား ကူရှာပေးချိန် အရင်နှစ်က သူမရလိုက်တဲ့ Golden Laurel Supporting Actor Award ကို ဆွတ်ခူးနိုင်ခဲ့သော လီအောင်း ဖြစ်လိမ့်မည်ဖြစ်ပြီး ဒီလိုတွဲပေးခြင်းတွေက ယနေ့ခေတ် ရုပ်ရှင်စီးပွားရေးလောကမှာ အများဆုံးပေါင်းစပ်မှုတွေအဖြစ်နဲ့ လည်း သတ်မှတ်နိုင်သည်။ရုပ်ရှင်လက်မှတ်ရောင်းအားအကောင်းဆုံးဖြစ်စေဖို့ နာမည်ကြီး သရုပ်ဆောင်ကို ရှာရပြီး တစ်ချိန်တည်းမှာပဲ သူနဲ့ သရုပ်ဆောင်စွမ်းရည် တန်းတူရည်တူ လိုက်နိုင်တဲ့ သူနဲ့ တွဲသရုပ်ဆောင်ပေးနိုင်မယ့် အင်အားတောင့်တဲ့ သရုပ်ဆောင်တစ်ယောက်ကိုပါ ရှာကြရသည်။

ကျိချင်းကျိုးမှာ စောဒက တက်စရာရယ်ဟူ၍ မရှိ။တကယ်ဆို သူရိုက်ကူးထားတဲ့ ဇာတ်ကားတွေအများစုက အခုထိ ထုတ်လွှင့်ပြသ‌ရသေးတာမှ မဟုတ်ဘဲ။သူက သရုပ်ဆောင်စွမ်းရည်ထက် ရုပ်ရည်ကြောင့်ပိုပြီး နာမည်ကြီးနေတာဖြစ်နေသေးတယ်လေ။ဒါရိုက်တာက သူ့ကို နာမည်ကြီးတဲ့ သရုပ်ဆောင် စာရင်းထဲမှာထည့်ထားတာသာမန်ပဲဖြစ်၏။သို့သော် ကျိချင်းကျိုး အံ့ဩမိတာက လီအောင်းကို စရိုက်တည်းက မတွေ့ရပေ။ဒါပေမယ့် သူအများကြီးမတွေးခဲ့။လီအောင်း အလုပ်များနေတာဖြစ်မည်ဟုပဲ သူတွေးခဲ့၏။ဒါရိုက်တာနဲ့ ညှိနှိုင်းဆွေးနွေးပြီးနောက် အဝတ်အစားတွေလဲပြီး သူ့ဇာတ်ကောင်နေရာမှာ စသရုပ်ဆောင်ရတော့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now