{110}

5.1K 938 85
                                    

Unicode


ကျိချင်းကျိုးသည် သူ့ဗိုက်အောက်ပိုင်းနားကိုကြည့်၍ အခွင့်အရေးကို လက်လွတ်မခံဘဲ လော့ခ်ချထားသည့် တံခါးဆီပြေး၍ မြန်မြန်ဖွင့်ပြီး ထွက်ပြေးလာခဲ့သည်။သူ ကျိုးချန်ဖုန်းရဲ့ အခန်းဆီ ပြေးသွားပြီး ပြင်းပြင်းထန်ထန်တံခါးခေါက်လိုက်သည်။

ကျိုးချန်ဖုန်းက‌ဖုန်းပြောနေချိန် တံခါးခေါက်သံကြားသဖြင့် ထိုနေရာဆီ သွားပြီး ဖွင့်လိုက်ချိန် သွေးမရှိသောမျက်နှာဖြင့် တံခါးရှေ့မှာ ရပ်နေသည့် ကျိချင်းကျိုးအားတွေ့လိုက်ရလေသည်။

ဘာဖြစ်တာလဲဟု သူမမေးရခင် ကျိချင်းကျိုးက အကုန်ပြောလာခဲ့သည်။

“ကျွန်တော် ဖန်ယောင်ရွှမ်းကို ဓားနဲ့ထိုးခဲ့မိတယ်။ကျွန်တော်တို့ ရန်ဖြစ်ကြရင်း သူ့ကို ဓားနဲ့ထိုးခဲ့တာ။သိပ်နက်လောက်မှာ မဟုတ်ဘူး။သူအခု ကျွန်တော့် အခန်းထဲမှာ ‌ရှိတာမို့ သွားကြည့်ပေးနိုင်မလား။ကျွန်တော် 120 ကို ဖုန်းဆက်လိုက်မယ်”

သူက အရမ်းတည်ငြိမ်လွန်းစွာပြောနေပေမယ့် အသံကတော့ ကြောက်လန့်မှုတို့ ရောယှက်နေခဲ့သည် ။

“ချူချန်ကို မပြောလိုက်ပါနဲ့နော်။လုံးဝမပြောလိုက်ပါနဲ့။ခင်ဗျားပြောလိုက်ရင် ကျွန်တော် နောက်အေးဂျင့်ပြောင်းလိုက်မှာ”

ကျိုးချန်ဖုန်းသည် သူ့စကားလေးနှစ်ကြောင်းထဲမှာပါသည့် အချက်အလက်တစ်ပြုံတစ်မကြီးကြောင့် လန့်နေဆဲဖြစ်ပြီး ခဏကြာမှသာ စိတ်ပြန်ထိန်း၍ ပြောလိုက်သည်။

“ငါသွားကြည့်လိုက်ဦးမယ်။ချက်ချင်းကြီး120ကို မခေါ်လိုက်နဲ့ဦး။ငါ့အခန်းထဲမှာ စောင့်နေဟုတ်ပြီလား။မကြောက်နဲ့နော်။ဘာမှမဖြစ်ဘူး”

ကျိချင်းကျိုးက ခေါင်းညိမ့်ပြီး အလေးထား၍ ထပ်ပြောလာသည်။

“ချူချန်ကို မပြောပါနဲ့။ဒီကိစ္စကို ကျွန်တော်တို့ဘာသာဖြေရှင်းကြမယ်လေနော်။သူ့ကို မစိုးရိမ်စေချင်ဘူး”

ကျိုးချန်ဖုန်းကလည်း ဖန်ယောင်ရွှမ်းရဲ့ အခြေအနေကိုကြည့်ဖို့ လောကြီးနေတာဖြစ်၍ ခေါင်းတစ်ချက်ညိမ့်ပြီး ထွက်သွားသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now